13

9.1K 956 48
                                    

အသိစိတ်ထဲက ဆစ်ခနဲနာကျင်မှုနဲ့အတူ လီဆာ အိပ်ပျော်နေရာကနိုးလာသည်။ ကျောပြင်တစ်ခုလုံးအောင့်နေတဲ့ခံစားချက်ကြောင့် မျက်လုံးတွေဖွင့်မပစ်ခင် အကျောအရင်ဆန့်လိုက်မိသည်။ ကျောပြင်တစ်ခုလုံးဘာလို့အောင့်နေသလဲ လီဆာစဉ်းစားမရ။

"နိုးပြီလား "

"ဂျီဆူး? နင်ဘယ်တုန်းကရောက်နေတာလဲ ကင်ကရော "

ညကသေချာပေါက် လီဆာ ကင့်အခန်းထဲအိပ်ခဲ့တာပါ။

"မစ်စ်ကင်တို့က မနက်အစောကြီး ဘုရားကျောင်းရောက်လာတာ ခရစ်စမတ်လည်းနီးပြီဆိုတော့ ကလေးတွေအတွက် အဝတ်အစားလှူဖို့ကိစ္စ ဖာသာနဲ့လာတိုင်ပင်တာလေ အဲ့တာ မစ်စ်ကင်က အိမ်မှာနင်တစ်ယောက်ထဲကျန်ခဲ့လို့ဆိုပြီး ငါ့ကိုလွှတ်လိုက်တာ .. ကိုးနာရီရထားရှိတာမလား ထ တော့ လီဆာ.. "

ဂျီဆူးပြောမှ လီဆာ စိတ်တွေနွမ်းကျသွားတာပဲ။ လီဆာက ပြန်ရမှာကိုမေ့နေခဲ့တာ။ အဖက်ဖက်ကစဉ်းစားပြီးချခဲ့တဲ့ဆုံးဖြတ်ချက်ပေမယ့် ကင်ဆိုတဲ့မိန်းမရဲ့အဝေးမှာ ခံစားချက်ဗလာနဲ့အသက်ရှင်ကြည့်ဖို့ လီဆာ့မှာယုံကြည်ချက်မရှိလှပါ။ ဒါပေမယ့်အခြေအနေတွေက ဖြစ်သင့်တာကိုပဲလုပ်ဖို့ဖြစ်လာတာ။ ပုံမှန်အတိုင်းလည်ပတ်နေတဲ့ စက်ဝိုင်းတစ်ခုထဲ လီဆာတစ်ယောက်ထဲကမောက်ကမ ဖြစ်နေခဲ့ဟန်။ ဘယ်သူ့ကိုမှစိတ်အနှောက်အယှက်မဖြစ်စေဘဲ တိတ်တိတ်ကလေး ပြန်ထွက်သွားနိုင်ဖို့ လီဆာကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချခဲ့ရက်နဲ့။

မတ်တပ်ရပ်ဖို့ကုတင်ဘေးကိုလက်ထောက်မိတော့ ကုတင်ဘယ်ဘက်အခြမ်းဟာနွေးနေဆဲ။ နောက်ပြီးစောင်နဲ့ခေါင်းအုံးဆီကရတဲ့ကိုယ်သင်းနံ့က လီဆာ ကင်နဲ့တစ်ကုတင်ထဲအိပ်ခဲ့ကြောင်း သက်သေခံတယ်။ ဘယ်လိုအနေအထားနဲ့များအိပ်ပျော်ခဲ့မိသလဲ လီဆာမသိ။ ညက ကင့်ရဲ့ရမ်ပုလင်းကိုတောင်းသောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပုံရပါတယ်။

မတ်တပ်ရပ်လိုက်ရင်း ကင့်အခန်းကိုနောက်ဆုံးအကြိမ်တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဓာတ်ပြားတင်ထားတဲ့စားပွဲကလွဲ အရာအားလုံးဟာ နေရာတကျရှိနေပါသည်။ စားပွဲပေါ်ကကျလုနီးပါးဖြစ်နေတဲ့ဓာတ်ပြားစက်ကိုနေရာပြန်ချပေးလိုက်ရင်း လီဆာထိုအခန်းထဲမှထွက်လာခဲ့သည်။

Daisy ; Blooms in 1960Where stories live. Discover now