9

9.2K 1K 72
                                    

ကင့်ဆီကငှားလာခဲ့တဲ့စာအုပ်ကိုဖတ်ရင်း တစ်ဝက်ခန့်ရောက်သွားတဲ့အချိန်မှာ လီဆာ့မျက်လုံးတွေက ဆန္ဒပြလာပါပြီ။ စားပွဲပေါ်က နာရီကိုယူကြည့်တော့ ညဆယ့်နှစ်နာရီ။

မနက်ကတည်းက လူသတ်မှုကြောင့်အစောကြီးနိုးကာ ပြေးလွှားခဲ့ရတာမို့ လူကပင်ပန်းလို့နေပြီ။ စာအုပ်ကိုပိတ်လို​က်ကာ ကျိန်းစက်နေတဲ့မျက်လုံးတွေကို တစ်ချက်ပွတ်လိုက်သည်။ ဘေးကဂျီဆူးက အိပ်မောကျနေပြီမို့ ဂျီဆူးဖွင့်ထားခဲ့တဲ့ အခန်းပြတင်းပေါက်ကို လီဆာပဲပိတ်ရတော့မည်။ တင်ထားတဲ့လိုက်ကာစတွေကိုချရင်း ပြတင်းတံခါးမပိတ်မီ သန်းခေါင်ယံအချိန်တိတ်ဆိတ်နေတဲ့မြို့ကို လှမ်းကြည့်မိသည်။

ဆိုးလ်မှာလိုအဆောက်အဦးအမြင့်တွေမရှိဘဲ သာမန်အရွယ်အစားတိုက်ကလေးတွေသာရှိသည်မို့တစ်ကြောင်း၊ ဘုရားကျောင်းရဲ့အောက်ဖက် မြေနိမ့်ရာဘက်မှာရှိသည်မို့တစ်ကြောင်း တစ်မြို့လုံးကို ခြုံ၍မြင်နေရသည်။

ဆိုင်းဘုတ်တွေတစ်ဆက်ထဲထောင်ထားတဲ့ လမ်းကြားဆီမျှော်ကြည့်ရင်း ကင့်ကိုသတိရတော့ ဖွဖွပြုံးမိသည်။ ပြုံးဖို့တွန့်တိုတတ်ပြီး အရာရာကိုအကြောတင်းတင်းရင်ဆိုင်တတ်တဲ့မိန်းမဟာ အိပ်မောကျနေလောက်ရောပေါ့။

" အိပ်ပျော်နေရင်းတော့ မျက်မှောင်ကြုံ့မထား
ဘူးမလား.. "

အချစ်ကတစ်ခါတစ်ရံ အနွေးဓာတ်ဖြစ်ဟန်တူတယ်။ ချစ်တဲ့သူအကြောင်းတွေးမိရင် တစ်ကိုယ်လုံးဖြတ်စီးနေတဲ့သွေးတွေနွေးခနဲဖြစ်သွားတဲ့ခံစားမှုမျိုး လီဆာခံစားနေရတယ်။ ညတွေတိုင်းကို အိပ်မောကျနေတဲ့ ကင့်ရဲ့အသက်ရှူသံနားထောင်ရင်းကုန်ဆုံးရရင် ဘယ်လောက်ကောင်းမလဲနော်။

မကြာခင် ကင်နဲ့ပြန်တွေ့ရဖို့မသေချာတဲ့အရပ်ဆီပြန်ရမယ့်လီဆာရဲ့အတွေးဟာ ရယ်စရာမကောင်းဘူးလား။ ကင့်အပေါ်ထားမိတဲ့ လီဆာ့ရဲ့စိတ်ကို လီဆာကပြန်ကြောက်လာရတယ်။ ကင်ဟာ ဘယ်လိုမိန်းမမျိုးလဲသေချာမသိပါဘဲ၊ ကင့်အနားမှာ ဖြစ်တည်မှုတစ်ခုတောင်မတည်ဆောက်နိုင်ပါဘဲ ချစ်မိသွားရပြီ။ စတွေ့ကတည်းက လီဆာ့ရဲ့စိတ်အတွင်းပိုင်းထိ တမြည့်မြည့်နေရာယူနိုင်တဲ့ကင်က သိပ်ဆန်းကြယ်တာပဲ။ အဲ့သလို ကင့်လိုမိန်းမကို လီဆာက ဘယ်လိုအင်အားနဲ့မချစ်မိအောင်နေနိုင်ပါ့မလဲ။

Daisy ; Blooms in 1960Where stories live. Discover now