မြင်မြင်သမျှအနက်ရောင်ချည်းဖြစ်နေတဲ့ မြေကွက်လပ်မှာ လီဆာကိုယ်တိုင်လည်း အနက်ရောင်ဝတ်စုံနဲ့ ရပ်နေရတယ်။ ကင်နဲ့ဂျီဆူးအတွက် ဘုရားကျောင်းကဖာသာနဲ့အတူ မာသာတစ်ချို့က ဆုတောင်းပေးဖို့ရောက်လာခဲ့ကြတာ။ ကလေးတွေကို ဂျီဆူးကိစ္စပေးသိလို့မဖြစ်သေးကြောင်း ဖာသာကပြောတယ်။ ကင်ရောဂျီဆူးရော ဒီကလေးတွေကိုစာသင်ပေးခဲ့တာမို့ ကလေးတွေရဲ့စိတ်ဟာ ဒီအကြောင်းအရာကိုလက်ခံဖို့ နုနယ်လွန်းတယ်လို့ လီဆာလည်းထင်ပါတယ်။ မာသာတို့ကတော့ တရှုံ့ရှုံ့ငိုတော့တာပါပဲ။ ဂျီဆူးက သူတို့လက်ထဲမှာကြီးခဲ့တဲ့ကလေးလေ။
ဒီနေရာကပူတယ်။ လူတိုင်းရဲ့စိတ်ကထွက်လာတဲ့ အပူဓာတ်တွေကြောင့် အသွေးသားတွေခြောက်ကပ်သွားတော့မယ်တောင်ထင်ရတယ်။
တော်လှန်ရေးလဲပြီးသွားပြီ။ ပျက်စီးနေတဲ့နိုင်ငံက တဖြည်းဖြည်းပြုပြင်ပြောင်းလဲရင်း ပြန်ကောင်းလာနိုင်တဲ့အနေအထားကိုရောက်ပြီ။ ဒါပေမယ့် လီဆာတို့မှာ အချိန်နဲ့ပြန်ဖြည့်လို့မရတဲ့အပေါက်တွေကျန်နေခဲ့ကြတယ်။
ဘယ်တော့မှ၊ ထပ်ပြီး ..
အဲ့ဒီ့စကားလုံးတွေရဲ့အနောက်မှာ ဆုံးရှုံးပစ်ရတာအများကြီး။ စကြာဝဠာဆီပြေးထွက်သွားနှင့်တဲ့ နာမ်တရားတွေကို ဘယ်အရာကများအစားထိုးနိုင်လို့လဲ။ ကင်နဲ့အများကြီးမရှိခဲ့တဲ့အမှတ်တရတွေက မိုးရွာတိုင်းဘဝထဲပြန်လည်ဖြတ်လျှောက်လာကြမှာ။ အဲ့ဒီ့အခါ လီဆာကထပ်ငိုကြွေးရပြီး၊ မိုးတွေထပ်မံသည်းရဦးမယ်။
ကင်ထွက်သွားတာ ဘယ်ကမ္ဘာဆီလဲမသိရ။ ကြယ်တွေဘယ်နှစ်ခါကြွေပြီးရင်၊ ကမ္ဘာဘယ်နှစ်ခုပျက်ပြီးရင်၊ ဥက္ကာခဲတွေ အချင်းချင်းဘယ်နှစ်ကြိမ်တိုက်မိပြီးရင် ကင်နဲ့တွေ့လို့ရပြီလဲ။ ကင်နဲ့တစ်ချိန်ထဲ၊ တစ်ကမ္ဘာထဲမှာလူဖြစ်ရဖို့ လီဆာဘယ်နှစ်သက် စောင့်ရဦးမလဲ။
လီဆာတို့နှစ်ယောက်ရဲ့အလွဲက ကမ္ဘာဘယ်နှစ်ခုစာလဲတောင် မသိရပါဘူး။ သံသရာတစ်လျှောက်လုံး အဲ့ဒီ့မိန်းမနဲ့ထပ်မတွေ့ရရင်လို့တွေးယုံနဲ့ မွန်းကြပ်ပြီးရောက်ရာနေရာမှာ လှဲချသေပစ်ချင်တာ။
ESTÁS LEYENDO
Daisy ; Blooms in 1960
FanficA sunflower said she found love where she saw the brave daisy.