3

10K 1K 31
                                    

လီဆာမောနေတယ်။ အသက်ရှူသံကိုထိန်းချုပ်ထားရတာကြောင့်ပါ။  ရင်ဘတ်ထဲမှာတုန်ယင်နေတာမို့ အသက်ဆက်တိုက်ရှူဖို့လိုအပ်နေတာပေမယ့် သူရှူထုတ်လိုက်တဲ့လေဟာ ရှေ့မှာထိုင်နေတဲ့ ကျောပြင်မတ်မတ်ဆီသွားရိုက်ခတ်မိမလားဆိုတဲ့စိတ်နဲ့။

အဲ့ဒီ့အမျိုးသမီးရဲ့အနောက်တည့်တည့်မှာထိုင်ဖို့ ရွေးချယ်မိတာ မှားပြီလို့ခံစားရတယ်။ နီးနီးကပ်ကပ်ရှိနေတဲ့ကျောပြင်ကိုမြင်နေရယုံနဲ့ လီဆာ့ ဦးနှောက်နဲ့ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ်တော့တာပဲ။

ဒီအမျိုးသမီးဟာ သူ့အတွက်ဘယ်လိုဖြစ်တည်မှုဖြစ်နေပြီလဲ။ ဒါဟာနေကြာခင်းဆီကပြန်လာပြီးကတည်းက ဆက်တိုက်တွေးနေမိတဲ့အတွေး။

ဘုရားဝတ်ပြုပြီးတဲ့အခါ ထိုအမျိုးသမီးကတော့ ဘယ်သူ့ကိုမှနှုတ်ဆက်ခြင်းမရှိ၊ အကြည့်တွေဝေ့ဝဲခြင်းတောင်မရှိဘဲ ခပ်တည်တည်သာပြန်ထွက်သွားသည်။ ပတ်ချယ်ယောင်းဆိုတဲ့အစ်မက ဂျီဆူးကိုတစ်ချက်ပြုံးပြသွားသည်ဟု ဂျီဆူးကပြောသည်။

" ဟင်းးး ချစ်နေမိပြီထင်ပါတယ် "

" ချစ်နေပြီလေ .. မစ်စ်ကင်နဲ့ပတ်သက်ရင် နင့်မျက်နှာမှာအရိပ်အယောင်တွေအများကြီးဖြတ်ပြေးလွန်းလို့ တကူးတကအကဲခတ်စရာတောင်မလိုဘူး "

ဒီလိုနဲ့ .. ဒီလိုနဲ့ပဲ လီဆာဟာ နွယ်တစ်ပင်ဆီဝင်တိုးဖို့ဆုံးဖြတ်လိုက်တော့တာ။

🌻

" နာအွန်းလေးအတွက်ရော ဆွဲပေးပါ မမ .. "

ဘုရားကျောင်းအပြင်ဘက်ထင်းရှူးပင်ဘေးမှာ လီဆာ ကလေးတစ်သိုက်နဲ့ထိုင်နေသည်။ ပန်းချီဆွဲရတာကြိုက်သူမို့ ကလေးတွေကိုပုံတစ်ပုံပြီးတစ်ပုံဆွဲပေးရင်း ထိန်းကြောင်းနေခြင်းသာ။ ဂျီဆူးကတော့ အတန်းကြီးတွေဘက်သွားပြီး စာသင်ပေးနေလေရဲ့။

" ဟုတ်ပြီ ငါတို့နာအွန်းလေးကို ဘာပုံဆွဲပေးရမလဲ .. "

"နေကြာပန်းပုံလေးလိုချင်တယ် .. ဒီစာအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာမှာဆွဲပေးပါ မမ.. "

နာအွန်းထိုးပေးတဲ့စာအုပ်ကိုလှမ်းယူလိုက်ရင်း စာရွက်ဖြူဖြူပေါ် နေကြာပန်းပုံစတင်ဆွဲလိုက်သည်။

Daisy ; Blooms in 1960Where stories live. Discover now