6

9.6K 1K 51
                                    

ငှက်တွေတကျီကျီအော်သံကြောင့် မနက်ခြောက်နာရီကြီးလီဆာ့မှာနိုးလာရတယ်။ ဘေးကဂျီဆူးကိုကြည့်တော့ ဆူညံနေလည်းဘာမှမဖြစ်သလိုအိပ်ပျော်နေဆဲပဲ။ လီဆာ့မှာသာ ဒီအသံတွေနဲ့မယဥ်ပါးတာကြောင့်နိုးလာရတာ ခဏခဏ။

ပြန်အိပ်မရမယ့်အတူတူအိပ်ယာသိမ်းရင်း ကိုယ်လက်သန့်စင်လိုက်သည်။ တစ်ညလုံးဝတ်အိပ်ထားလို့တွန့်ကြေနေတဲ့ချည်သားဘောင်းဘီအပွနဲ့ ရှပ်အက်ျီပေါ် ဂျာကင်အမဲထပ်ပြီး ဖွာလန်ကြဲနေတဲ့ဆံပင်ကို တစ်ချက်နှစ်ချက်သပ်လိုက်ကာ အခန်းပြင်ထွက်ခဲ့သည်။

ဒီနေ့မိုးအနည်းငယ်အုံ့နေတာမို့ မနက်စောစောမှာရာသီဥတုဟာအေးစိမ့်စိမ့်။ မနေ့ညက အချိန်အခါမဟုတ် မိုးရွာထားတာကြောင့် မျက်နှာကိုလာတိုက်ခတ်တဲ့ လေနုအေးအေးမှာ မြေသင်းနံ့အနည်းငယ်ပါလာသည်။

အုံ့မှိုင်းမှိုင်းမိုးသားအောက်က အနီရောင်ဘုရားကျောင်းကြီးဟာ ဘာကြောင့်မှန်းမသိလွမ်းစရာကောင်းနေရဲ့။

" လီဆာလေး နိုးနေပြီလား.. "

ဘုရားကျောင်းဝန်းထဲကမြေကွက်လပ်မှာအမှိုက်လှဲနေတဲ့ မာသာကမေးလာသည်။

" ဟုတ် နိုးပြီ .. "

ပြန်ဖြေရင်းနံရံမှာကပ်ထောင်ထားတဲ့ တံမြက်စည်းကိုလှမ်းယူကာ လှဲကူလိုက်သည်။

" မလုပ်ပါနဲ့ကွယ် ကလေးတွေကိုစာသင်ရတာနဲ့တင် ပင်ပန်းနေပြီကို ထားခဲ့ ထားခဲ့.. "

"ရာသီဥတုကအေးတော့ နည်းနည်းသွေးပူအောင်လုပ်တာပါ မာသာရဲ့ .. လီလီ့ ကိုအားမနာပါနဲ့..  "

မာသာကပြုံးရင်းခေါင်းငြိမ့်ပြသည်။ အေးစိမ့်စိမ့်မနက်ခင်းဟာ နေရထိုင်ရအလွန်ကောင်းသည်ပဲ။ ဘုရားကျောင်းက ကုန်းမြင့်မှာဆောက်ထားသလိုဖြစ်နေတာမို့ မြို့ကိုလည်းလှမ်းမြင်ရသေးသည်လေ။

မှိုင်းပြပြကောင်းကင်အောက်ကမြို့ငယ်လေးမှာ လီဆာနဲ့ကင်ဟာရှိနေတယ်။

" သံကြိုးစာပါတယ်ခင်ဗျ.. "

ဘုရားကျောင်းအပြင်ကအော်သံကြောင့် မာသာက တံမြက်စည်းကိုင်ရင်း တံခါးသွားဖွင့်သည်။ ခနအကြာမှာ စာအိတ်အနီရောင်လေးတစ်ခုကို ကိုင်လာရင်း ပြန်ဝင်လာသည်။ 

Daisy ; Blooms in 1960Where stories live. Discover now