18

9.2K 977 110
                                    

လီဆာတို့နှစ်ယောက်လုံး ကင့်အိမ်ကိုပြန်ရောက်လာချိန်မှာ မိုးပင်လင်းလုပြီဖြစ်သည် ။ တစ်ညလုံး စောင့်နေဟန်တူသော အစ်မချယ်ယောင်းက ဧည့်ခန်းတွင်ထိုင်လျက်သား အိပ်ပျော်နေခဲ့သည် ။

"ချယ် .. အခန်းထဲသွားအိပ်.. "

"ဟင်း.. အင်း မမ ဘယ်တွေသွား..
လီဆာ? လီဆာက ဘယ်ကနေဘယ်လို..

အိပ်ချင်မူးတူးနှင့်အစ်မချယ်ယောင်းက ကင့်အနောက်မှာရပ်နေတဲ့ လီဆာ့ကိုမြင်တော့ မျက်လုံးပြူးသွားဟန်ရှိသည် ။

"မနက်မှ အားလုံးပြောပြမှာမို့ လောလောဆယ် သွားအိပ်တော့.. "

ထို့နောက် ကင်က လီဆာ့လက်ထဲက ခရီးဆောင်သေတ္တာကို လှမ်းယူကာ အပေါ်ထပ်ဆီဦးဆောင်တက်သည် ။ ကင့်ရဲ့ဂါဝန်တစ်ထည်လုံး မိုးရေများစိုရွှဲနေခဲ့ပြီး ကင့်လက်များမှာလည်း အေးစက်လို့နေပါသည် ။

"အက်ျီလဲပြီး နားလိုက်ဦး.. "

အခန်းထဲရောက်ရောက်ချင်း သူမရဲ့ဂါဝန်ဘေးကြိုးတွေကို ဖြည်ရင်း ကင်ကပြောသည် ။
ထို့နောက် လီဆာ့အားကျောပေးကာ သူမ၏ ဂါဝန်ကို ချွတ်ဖို့ပြင်နေသည် ။ လီဆာ ကြောင် အစွာကြည့်နေမိစဉ်မှာပဲ လျှောကျသွားတဲ့ ဂါဝန်နဲ့အတူ လစ်ဟာသွားတဲ့ ကျောပြင်သေးသေးကိုမြင်လိုက်ရတော့ တကိုယ်လုံးရှိန်းခနဲဖြစ်သွားရင်း တစ်ဖက်ကိုလှည့်ပစ်လိုက်ရတယ် ။ ဒီမိန်းမဟာ ဘာဖြစ်ချင်နေပါသလဲ ။
ဘယ်လို​ပဲ မိန်းကလေးချင်းဖြစ်စေဦးတော့ ဒီလိုမလုပ်သင့်ဘူးမလား ။ လူကိုရူးအောင် ။

တုန်ယင်နေတဲ့ရင်ဘတ်ကြောင့် လဲဖို့ထုတ်ထားတဲ့ အက်ျီကို ခပ်တင်းတင်းကိုင်ရင်း လီဆာ ထိုအတိုင်းပဲ ရပ်နေမိသည် ။

"အက်ျီမလဲဘဲ ဘာရပ်လုပ်နေတာလဲ.. "

ဆံပင်ခါသံနဲ့အတူ ကင်က လီဆာ့ဘက်လှည့်လာပုံရတယ် ။ ကတုန်ကယင်ဖြစ်နေတဲ့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း လီဆာ ကင့်ကို ခပ်ဖြည်းဖြည်း လှည့်ကြည့်လိုက်သည် ။ ရင်ဖုံးဂါဝန်အမဲရဲ့အပေါ်မှာ ကင်က အနွေးထည်ပါးပါးကိုထပ်ဝတ်နေပါသည် ။ ရေစိုနေတဲ့ ကင့်ဆံဖျားတွေကြောင့် ကင်နေမကောင်းဖြစ်မှာ စိုးရိမ်လာရသည် ။ ကင့် နှုတ်ခမ်းအစုံဟာ လီဆာ အမြဲတွေ့နေကျပုံစံလို ခပ်တင်းတင်းစေ့ထားမြဲပေမယ့် အနည်းငယ်များ ဖြူဖျော့နေသလားလို့ ။

Daisy ; Blooms in 1960Where stories live. Discover now