29

12K 1K 180
                                    

ပရစ်သံတို့ခပ်စိတ်စိတ်ကြားလာရပြီး မြို့ပြင်အနီး မြက်ရိုင်းတို့ရှိသောနေရာအရောက် ဂျီဆူးက လီဆာတို့ကို ရပ်စောင့်သည်။

" မြို့အပြင်ဘက်မှာ ငါတို့ယမ်းမှုန့်တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေ ဆင်ထားတာ "

ဂျီဆူးကိုလှမ်းကြည့်နေသောလီဆာ့အား ကင်ကခပ်တိုးတိုးပြောသည်။ ကင်က ယမ်းမှုန့်တွေခင်းထားတဲ့လမ်းကြောင့် စိတ်မချဘဲလိုက်လာခြင်းလည်းဖြစ်မည်။

" ဟိုးကွင်းပြင်ကိုကြည့် လီဆာ "

ကင်ညွှန်ပြသောကွင်းပြင်သည် ပေါင်အလည်ခန့်ရှိသော မြက်ရိုင်းတို့နှင့်ပြည့်နေသည်။ မိုးမလင်းသေးတာကြောင့် ကွင်းပြင်အဆုံးကိုမမြင်ရပါ။

" ဘာဖြစ်လို့လဲကင် "

" အဲ့ဒီ့ကွင်းပြင်ကိုကျော်ရင် မင်းကမြို့ဝန်သမီးလီဆာမဟုတ်တော့ဘူး သာမန်ဘားဆိုင်ပိုင်ရှင်လီဆာပဲ "

လီဆာ့ကိုမကြည့်ဘဲ လက်ကိုပိုက်ရင်း ခပ်တွေးတွေးပြောလာတဲ့ကင်။ သူများတွေလို အမြင့်ရောက်ဖို့မဟုတ်ဘဲ သာမန်လူတစ်ယောက်ဖြစ်ဖို့ရုန်းကန်နေရတဲ့ ကိုယ့်အဖြစ်ကိုယ် လီဆာရယ်ချင်မိသေး။

" သာမန်တော့မဟုတ်ပါဘူး ကျွန်မက လေဒီကင်ရဲ့ကောင်မလေးလေ "

" တော်လှန်ရေးပြီးရင် ငါနဲ့အတူဂွမ်ကျုံးမှာ စာသင်ကြရအောင် "

တော်လှန်ရေးအပြီး ထပ်မံဖွဲ့စည်းမယ့်အစိုးရသစ်မှာ ကင်မဟုတ်တဲ့ဘယ်သူတွေကများ နေရာယူရဲပါ့မလဲနော်။ ကင်မဟုတ်တဲ့ဘယ်လိုလူမျိုးကိုရော ပြည်သူတွေကလက်ခံနိုင်ပါ့မလဲ။ ခက်တာက လီဆာ့ရဲ့အကြောတင်းတင်း လေဒီကင်ဟာ နိုင်ငံခေါင်းဆောင်လုပ်ဖို့ စိတ်ဝင်စားပုံမပေါ်ပါ။ စကားနည်း၊ လောဘနည်းတဲ့မိန်းမက တကယ်တန်ဖိုးကြီးတာပါဆို။

လီဆာ့ဆီက ပြန်ဖြေသံမကြားတော့ ကင်ကမျက်ခုံးပင့်ကြည့်သည်။

" မသင်ချင်ဘူးလား "

" သင်ချင်တာပေါ့ ကင်နဲ့အတူတူဆို ဘာပဲလုပ်ရလုပ်ရ ကျွန်မကပျော်နေတာ "

" ... "

" ဘုရားကျောင်းကိုပဲ စာသင်ကျောင်းလုပ်ပစ်ရမလား ဖာသာကသေချာပေါက်ခွင့်ပြုမှာ .. နော် .. ကင် "

Daisy ; Blooms in 1960Where stories live. Discover now