15

8.8K 944 37
                                    

တနလ်ာနေ့ရဲ့နေ့လည်ပိုင်း ရာသီဥတုဟာ အနည်းငယ် နေသာတာမို့ အအေးမပိုဘဲ နေရထိုင်ရကောင်းသည်။

"ဂျီဆူး.. နင် ဘာတွေနားထောင်နေတာလဲ.. "

ဘုရားကျောင်းအနောက်ဘက်ကသစ်ပင်အောက်မှာထိုင်ရင်း ရေဒီယိုတစ်လုံးကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေတဲ့ဂျီဆူးကြောင့် လီဆာမေးလိုက်ခြင်း။

"ဖာသာက ဒီရေဒီယိုကိုပျက်နေပြီဆိုပြီး ငါ့ကိုမြို့ထဲသွားပြင်ခိုင်းထားတာ.. ကြည့်ရတာ အားကုန်တာထင်တယ်.. "

အသံတွေတိုးလာလိုက်ကျယ်သွားလိုက်ဖြစ်နေတဲ့ ရေဒီယိုကိုကြည့်ရင်း ဂျီဆူးက ကောက်ချက်ချသည်။

"ဆိုင်သွားပို့ပြီးမေးကြည့်လိုက်လေ နင့်ဟာက အားကုန်တာတင်မဟုတ်လောက်ဘူး အထဲက အသံတွေပါမြည်နေတာ.. "

ဂျီဆူးလက်ထဲကရေဒီယိုကိုဆွဲယူကာ လက်နဲ့လှုပ်ပြရင်းလီဆာပြန်ပြောတော့ ဂျီဆူးကခေါင်းငြိမ့်သည်။ လီဆာ ရေဒီယိုလိုင်းတွေကိုရွှေ့ကြည့်ဖို့လုပ်တုန်း ..

" ဂျီဆူးတို့က ဒီမှာလား .. "

အနောက်နားဆီကအသံနဲ့အတူ မျက်နှာချင်းဆိုင်က ဂျီဆူးမျက်နှာပြုံးသွားတာမို့ လှည့်ကြည့်လိုက်တော့ ခေါက်ယပ်တောင်တစ်ခုကိုကိုင်ထားရင်း ရပ်နေတဲ့ အစ်မချယ်ယောင်း။

ကင်ပါ ပါလာမလားဆိုတဲ့စိတ်နဲ့ လီဆာအစ်မချယ်ယောင်းရဲ့ကျောဘက်ဆီလှမ်းကြည့်လိုက်ပေမယ့် ပါလာပုံမရပါ။

"အစ်မ ဘယ်လိုရောက်လာတာလဲ.. လာထိုင်လေ..ဒါမှမဟုတ် အခန်းထဲသွားမလား ဒီမှာကထိုင်စရာမရှိဘူးရယ်.. "

ဂျီဆူးက ပြာပြာသလဲ အစ်မချယ်ယောင်းကိုကြိုတယ်။

"ရပါတယ်.. ဒီမှာပဲ ထိုင်လိုက်မယ်..
အိမ်မှာအစ်မတစ်ယောက်ထဲဖြစ်နေလို့ စကားပြောဖော်ရအောင် လီဆာတို့ဆီလာခဲ့တာ.."

"တစ်ယောက်ထဲ? ..ကင် ဘယ်သွားလို့လဲဟင်.."

"မစ္စတာဂျွန်နဲ့ အလုပ်ကိစ္စ ခရီးသွားတာ..ညအိပ်ခရီးတော့မဟုတ်ပါဘူး.. မနက်စောစောသွားတာ ညနေပြန်ရောက်မယ်ထင်တယ်.. "

ကြားရပြန်ပြီ ဒီနာမည်။ ဘာကြောင့်များ အမျိုးသားတစ်ယောက်နဲ့ နှစ်ယောက်ထဲ ခရီးသွားရတာလဲ။ ဒီမိန်းမကို လီဆာစိတ်ကောက်ချင်လာပြီ။

Daisy ; Blooms in 1960Where stories live. Discover now