23

9.2K 1K 79
                                    

ဦးခေါင်းအနောက်ခြမ်းသည် တစ်ဆစ်ဆစ်ကိုက်ခဲနေသည်။ ဘေးတစောင်းလှဲနေတာမို့ ညာဘက်လက်မောင်းတစ်ခုလုံး ထုံကျင်နေတာလည်း ခံစားမိသည်။ သို့ပေမယ့် လီဆာကခန္ဓာကိုယ်ကိုလှုပ်ရှားဖို့ပင် စိတ်မပါ။

မျက်လုံးများကိုမှိတ်ရင်း နောက်ဆုံးမြင်လိုက်ရတဲ့ ကင့်ပုံပန်းသဏ္ဍာန်ကို ပုံဖော်ကြည့်မိသည်။
ကျောပြင်သေးသေး၊
လက်ကောက်ဝတ်သေးသေး၊
နောက်ပြီး ခပ်မှိုင်းမှိုင်းမျက်ဝန်းတွေ။

အဲ့ဒီ့မျက်ဝန်းတွေက လီဆာ့ကြောင့်ဖြစ်လာသလားလို့တွေးမိတိုင်း ဦးနှောက်တစ်ခုလုံးအေးခဲရပါတယ်။ တွေ့လိုက်ရတဲ့တစ်ခနမှာ ကင်စိတ်ငြိုငြင်အောင် လီဆာပြုမူမိခဲ့သလားနော်။

ကင်ဟာ အလွယ်တကူမငိုတတ်တဲ့မိန်းမပေမယ့် မနေ့ညကတော့ တကယ်ငိုချမလိုမျက်ဝန်းတွေကို လီဆာတွေ့ခဲ့ရတာ။ ကင်သာ ဆိုးလ်မှာထပ်ရှိနေသေးရင် သိပ်ကောင်းမယ်။ ကင်နဲ့နောက်တစ်ကြိမ်တွေ့တဲ့အခါ ဘာစကားမှမပြောဘဲ ဒီအတိုင်းခပ်တင်းတင်းဖက်ထားပစ်မိမှာ။

" မမလေး .. မမလေး "

အခန်းတံခါးကိုဂျက်ချပြီးနေ နေတာမို့ အပြင်ကဆိုဟေးရဲ့ခေါ်သံက ခပ်ကျယ်ကျယ်ထွက်လာတယ်။ မနက်စာထွက်မစားတဲ့အပြင် နေ့လည်ထိ အခန်းထဲကထွက်မလာလို့ အဖေခေါ်ခိုင်းလိုက်ပုံပဲ။

မနေ့ညက တစ်ညလုံးနီးပါး အဖေကလီဆာ့ကို ဆူပူခဲ့တာပါ။ လူအများရှေ့မှာ ရုပ်ပျက်ဆင်းပျက်ငိုချရတဲ့ အကြောင်းအရင်းကိုလည်း မေးတယ်။ ဆာကေးသောက်မိပြီး အမေ့ကိုသတိရလာလို့ပါလို့ ဖြေလိုက်မှ ရပ်သွားခဲ့ရဲ့။ဒါပေမယ့် အဖေလီဆာ့စကားကို မယုံမှန်း လီဆာသေချာပေါက်သိပါတယ်။ ဒါကြောင့်ပဲ အဖေ့ရှေ့မှာ အတွေးမလွန်မိအောင် ဆင်ခြင်ဖို့ဆုံးဖြတ်လိုက်ရတယ်။ 

" လီဆာ ထွက်လာခဲ့ အဖေနဲ့နေ့လည်စာ စားမယ် "

ဆိုဟေးမဟုတ်ဘဲ အဖေ့အသံထပ်ထွက်လာတဲ့အခါ လီဆာအခန်းထဲမှာထပ်နေလို့မရတော့။ ကုတင်ပေါ်မှထကာ အက်ျီကိုဆွဲချရင်း ဧည့်ခန်းကိုလိုက်ထွက်လာရတယ်။

" ခနနေ မင်းသားလာခေါ်လိမ့်မယ် လိုက်သွားလိုက် ကြားလား "

လီဆာ ခေါင်းငြိမ့်ပြလိုက်သည်။ ဖူမီဟီတိုက လီဆာ့ကို ဘယ်ခေါ်သွားမှာလဲ လီဆာမသိချင်၊ မမေးချင်။ အာရုံလည်းမရှိပါဘူး။ လီဆာ့အာရုံထဲ ကင်ကပဲ ထင်ထင်ရှားရှားတစ်မျိုး၊ ခပ်ဝါးဝါးတစ်ဖုံ ဝေ့ဝဲနေတာ။ အဲ့သလိုဝေ့ဝဲလာတိုင်းလည်း ငိုချင်စိတ်ပါ ပါလာတယ်။

Daisy ; Blooms in 1960Onde histórias criam vida. Descubra agora