19

9.7K 1K 90
                                    

"မင်းအထင်မှားနေယုံပါ .. တစ်ကယ်ဆို တစ်ညက ငါတို့ ဒီ့ထပ်ပိုတဲ့ အခြေအနေကိုတောင် စိတ်လိုလက်ရ ရောက်ဖူးတာကို.. "

ကင့်စကားမှာ ကင့်အား တွန်းကန်ထားသော လီဆာ့လက်များ ရပ်တန့်သွားသည် ။ နဖူးပေါ်ဝဲကျနေသော ဆံစများအား ကင် ဖယ်ပေးနေတာ သိသည့်တိုင် မရုန်းဖယ်နိုင်ဘဲ ထိုအတိုင်းသာ နေမိတော့ရဲ့ ။

ကင် ပြောတဲ့ တစ်ညဆိုတာ ဘယ်တုန်းကလဲ လီဆာ မတွေးတတ် ။ အဲ့ဒီ့ညမှာ လီဆာက ကင်နဲ့ ဘယ်လိုအနေအထားအထိ ပတ်သက်ခဲ့သလဲ ။
ကင် နဲ့အတူရှိခွင့်ရတဲ့ ညတွေဟာ လက်ချိုးရေတွက်လို့ ရယုံမျှပါပဲ ။ ဒါကို လီဆာကဘာ့ကြောင့် မမှတ်မိရတာလဲ ။

" မမှတ်မိဘူးလား "

မျက်လုံးအပြူးသားနဲ့ ကင့်ကိုကြည့်မိတဲ့အခါ ကင်က လီဆာ့မျက်ဝန်းတွေကို အသေအချာစိုက်ကြည့်နေပြန်ပါတယ် ။ လီဆာ့လည်တိုင်ပေါ်မှာပုံကျနေတဲ့ ကင့်ဆံဖျားတွေကြောင့် လီဆာ့ တကိုယ်လုံး အေးခဲသွားသလို ခံစားရတယ် ။

" တကယ် မမှတ်မိတာပဲ "

ကင်က ငြီးတွားသလို ခပ်တိုးတိုးရေရွတ်သည် ။ ထို့နောက် လီဆာ့ကိုယ်ပေါ်မှဖယ်ရင်း သူမရဲ့ အက်ျီကို အသေအချာပြန်ဆွဲချနေသည် ။ လီဆာ့မှာသာ ကင်ထားခဲ့တဲ့အတိုင်း ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ ။

"ဒီလိုဆိုရင်ရော "

ကင်က ဓာတ်ပြားစက်နားလျှောက်သွားရင်း သီချင်းဖွင့်ဟန်ပြင်သည် ။

🎼it's now or never
come hold me tight
kiss me my darling
be mine tonight 🎼

လီဆာ ရုတ်တရက် ထ ထိုင်မိသွားသည် ။ အဲ့ဒီ့ညကလား ။ လီဆာပြန်မယ်လို့ပြောခဲ့တဲ့ ညကလား ။ ကင်က လက်ပိုက်ရင်း ဓာတ်ပြားတင်ထားသော စားပွဲကို ခပ်နွဲ့နွဲ့မီကာ ရပ်သည် ။
လီဆာ ထိုမြင်ကွင်းကို ရင်းနှီးလာသလို..

ထိုညက လီဆာ ကင့်အခန်းမှာ ပထမဆုံး အိပ်တဲ့ည ။ နောက်ပြီး ကင့်ရဲ့ရမ်ပုလင်းကြီးကို လီဆာ တောင်းသောက်ခဲ့တဲ့ထိ ကောင်းကောင်းမှတ်မိသည် ။

🎼tomorrow will be too late
it's now or never
my love won't wait 🎼

လီဆာယောင်ယမ်းပြီး နှုတ်ခမ်းတွေကိုလက်ဖဝါးနဲ့ အုပ်လိုက်မိသည် ။ အဲ့ဒီ့ညက ဓာတ်ပြားစက်နားမှာရပ်နေခဲ့တဲ့ကင့်ကို လီဆာကစပြီးနမ်းပစ်ခဲ့တာ ။

Daisy ; Blooms in 1960Where stories live. Discover now