4

11.7K 1K 61
                                    

" မနေ့က ဟိုအစ်မနဲ့ဘာတွေပြောဖြစ်ခဲ့ကြလဲ.."

မနက်စောစော ကလေးတွေကိုထမင်းကျွေးတာ ကူညီရင်း လီဆာ ဂျီဆူးကိုမေးလိုက်သည်။ ထိုအခါ ရေခွက်တွေကိုရေဖြည့်နေတဲ့ဂျီဆူးက သူ့နဖူးကချွေးတွေကို အက်ျီလက်မောင်းနဲ့သုတ်ပစ်ရင်း လီဆာ့ကိုလှည့်ကြည့်ကာ ..

" မျက်နှာကိုရင်းနှီးနေတာကြာပြီတဲ့ .. ငါ့ကို ကျောင်းသူလားတဲ့ .. အဲ့တာနဲ့ငါလည်း ကောလိပ်ဆက်မတတ်တော့ပဲ ဒီကကလေးတွေကို စာသင်ပေးဖို့ပြန်လာတာလို့ပြောတော့ အစ်မက အရမ်းဝမ်းသာသွားတာသိလား .. အစ်မတို့ညီအစ်မနှစ်ယောက်လုံးက မျိုးချစ်စိတ်တအားထက်သန်သလိုပဲ .. "

ကင်ကရော အဲ့လိုပဲလား။ ကင်ကရော နိပွန်ကိုမုန်းလောက်မလား။ ရုတ်တရက်ကြီး လီဆာ နေထိုင်မကောင်းချင်ဖြစ်လာတယ်။ ခက်ရချည်ရဲ့။

" အင်း နင်က အခြေအနေကောင်းတာပေါ့.. "

" အစ်မက ဘုရားကျောင်းကကလေးတွေဆီ လာခဲ့ပါဦးမယ်တဲ့ .. အရင်ကတည်းက ဘုရားကျောင်းနဲ့ပတ်သက်တဲ့တစ်ခုခုဆို အစ်မတို့ကလှူနေကျလေ .. ခုလည်း စာသင်နေတဲ့ကလေးတွေကို လာကြည့်ဦးမယ်တဲ့ .. "

" အဲ့အစ်မလာရင် ကင်ရောပါလာမှာပေါ့နော်.."

" ဒါပေါ့ ..သူတို့က ဘယ်သွားသွား ညီအစ်မနှစ်ယောက်လုံးအတူတူသွားတာ.. "

ဂျီဆူးကဝမ်းသာအားရထောက်ခံတော့ လီဆာလည်းပြုံးလိုက်ရင်း လုပ်လက်စကိုဆက်လုပ်ရတယ်။ ဒီမြို့မှာနေထိုင်စဥ်အတွင်းတော့ အခွင့်အရေးသလောက်ထိ ကင်နဲ့နီးနီးကိုတိုးသွားချင်တယ်။

ကင့်မျက်နှာကိုမြင်ခွင့်ရတဲ့နာရီတွေမှာပဲ လီဆာ နေထိုင်ချင်တယ်။

🌻

" မမလီလီ အင့်.. "

နေ့လည်ပိုင်းလောက် ဂျီဆူးနဲ့အတူထိုင်နေရာဆီ နာအွန်းလေးဟာ ကြံချောင်းတွေယူလာပေးလေရဲ့။

" ကြံခင်းတွေဘက်သွားခဲ့တာလား နာအွန်းလေး.."

"အွန်း .. အဲ့ဒီ့နားမှာ ဂျီယွန်းတို့အဖေကိုမြင်ခဲ့တယ်.. "

" ဟင်.. "

ဂျီဆူးက အလန့်တကြားအာမေဋိတ်ပြုတဲ့အခါ လီဆာပါ လန့်သွားရတယ်။

Daisy ; Blooms in 1960Donde viven las historias. Descúbrelo ahora