7

9.1K 987 41
                                    

ညဦးပိုင်းမိုးဟာ သည်းသည်းထန်ထန်ကိုရွာနေတာမို့ ညစာစားပြီးတာနဲ့ လီဆာရောဂျီဆူးရော အခန်းဆီတန်းပြန်လာခဲ့ကြသည်။

" မိုးကတအားရွာနေတာပဲ ခါတိုင်းညတွေထက်လည်းပိုအေးတယ် အဆင်ပြေပါ့မလားလီဆာ ငါ မာသာတို့ဆီက စောင်အပိုသွားတောင်းရင်ကောင်းမလား "

မအိပ်ခင်စာဖတ်ဖို့ စာအုပ်ရှာနေတဲ့လီဆာ့ကို ဂျီဆူးက လှမ်းမေးလာသည်။

" အရမ်းတော့မအေးပါဘူး ဆူးရရဲ့ .. မိုးရွာကြီး မာသာတို့အဆောင်ဘက်ထိသွားရင် နင်ရောငါရောကြွက်စုတ်ဖြစ်မှာ မီးအားကြောင့် စကြ်ံလမ်းပေါ်ကမီးတွေက ဒီအချိန်ဆိုမှိတ်ထားလောက်ပြီ မှောင်မှောင်မဲမဲနဲ့ သွားမနေနဲ့တော့ "

လီဆာထိုသို့ပြောတော့ ဂျီဆူးကခေါင်းငြိမ့်ရင်း အိပ်ယာပေါ်လှဲနေလေပြီ။ ညနေခြောက်နာရီလောက်ကတည်းက ကောင်းကင်တစ်ခုလုံးမှောင်မဲနေခဲ့ပြီး ညကိုးနာရီမှာတော့ သာမန်ညအမှောင်ထပ်ပို၍ မှောင်မဲနေသည်။ ဘာဆိုဘာမှမမြင်ရ။

မိုးစက်တွေက ဘုရားကျောင်းခေါင်မိုးကို တအုန်းအုန်းနဲ့ရိုက်နေတာမို့ အသံတွေဟာဆူညံလို့။ ဒီတစ်ခါမိုးက အတော်များသည်ပဲ။

🌻

" လီဆာ! ထ .. ထဦးလီဆာ "

မှေးခနဲအိပ်ပျော်သွားပြီးမကြာခင် တကိုယ်လုံးလှုပ်နှိုးခံရတာမို့ လီဆာမျက်လုံးတွေကိုတွန်းကန်ဖွင့်လိုက်ရတယ်။

" ဂျီဆူးရာအစောကြီးရှိသေးတာမဟုတ်လား ငါ ခုနကမှ အိပ်ပျော်တာကို "

မျက်လုံးတွေကိုပွတ်သပ်ရင်း လီဆာ ဂျီဆူးကိုပြောလိုက်ခြင်းပင်။ စားပွဲပေါ်ကနာရီကိုယူကြည့်တော့ မနက်ငါးနာရီ။ လီဆာအိပ်ပျော်သွားတာ နာရီလေးပတ်လောက်ပဲရှိဦးမည်။ အပြင်ကမိုးသံသိပ်မကြားရတော့။ မိုးအနည်းငယ်စဲသွားပုံပဲ။

" ငါတို့မြို့အုပ်ရဲ့သား အသတ်ခံရလို့တဲ့ "

" ဟမ် ဘာ "

လီဆာ အလန့်တကြား ထထိုင်လိုက်မိသည်။

" တစ်မြို့လုံးဆူညံနေတာပဲ နိပွန်တွေလည်းအုပ်လိုက်ကြီးမြို့ထဲရောက်နေကြတယ် "

Daisy ; Blooms in 1960Where stories live. Discover now