Part-1

5.7K 120 5
                                    


တိတ်ဆိတ်မှောင်မိုက်နေသောဆောင်းညနက်အလယ်တွင် တိမ်တွေဖုံးလွှမ်းနေသောကြောင့် လမင်း၏အလင်းရောင်ကို မှိန်ပျပျလေးသာမြင်နေရသည်။ ညသည်အထီးကျန်လွန်းလှသလို မီးခိုးရောင်နှစ်ထပ်တိုက်အိမ်ထဲရှိလူတစ်ယောက်လည်း အသက်မဲ့လွန်းစွာ ငြိမ်သက်နေသည်။ အရှေ့မှကိတ်မုန့်ပေါ်တွင်ရေးထွင်းထားသော ခြောက်နှစ်ပြည့်မဂ်လာနှစ်ပတ်လည်ဟူသော စာတန်းလေးက ဖယောင်းရည်များကြောင့် ပုံအနည်းငယ်ပျက်ယွင်းစပြုနေပြီ။

ဟုတ်တယ်။ဒီနေ့ဟာသူတို့နှစ်​ယောက်သဘောတူညီမှုတစ်ခုဖြင့်လက်ထက်ခဲ့တာ ခြောက်နှစ်တောင်ရှိပြီဖြစ်၏။ တလိမ့်လိမ့်ကျဆင်းလာသောမျက်ရည်များကို နောင့်ဆိုင်းမွန် လက်ခုံဖြင့်သုတ်ဖယ်လိုက်ရင်း နေသားကျနေပြီဖြစ်သည့်ဒီဆက်ဆံရေးကို အရင်အတိုင်းပဲ ဖြေသိမ့်ရန်ကြိုးစားနေရသည်။ အခုအခြေအနေကိုသာ လူပိုင်ဟိန်းမြင်လျှင် ကိုယ့်ကိုဟားတိုက်ရယ်မောလိမ့်မည်။ သန်မာချင်ယောင်ဆောင်ပြီးရှေ့ဆက်တိုးရတာ ဘယ်လောက်တောင်ခက်ခဲလဲ သူမှမသိတာ။

ရုတ်တရက်ခြံဝင်းအတွင်းကားဝင်လာသည်မို့ ဆိုင်းမွန်ထိုင်ရာမှထ၍ ဧည့်ခန်းဘက်သို့လျှောက်လာလိုက်သည်။ အိမ်တံခါးမကြီးကိုဖွင့်လိုက်သည်နှင့် ကားပေါ်မှ ဖရိုဖရဲဖြင့်ဆင်းလာသော လူနှစ်ဦးမှာ တစ်ယောက်က ကမ္ဘာပေါ်က အမြန်ဆုံးပျောက်ကွယ်သွားပါစေဟု အမြဲဆုတောင်းနေရသူနှင့် တစ်ယောက်က နောင့်ဆိုင်းမွန်သေလောက်အောင် ချစ်မြတ်နိုးမိနေသူ။

မိုးထက်မြင့်တွဲခေါ်လာသော လူပိုင်ဟိန်းကို ဆိုင်းမွန်ပါကူသယ်ပေး၍ အပေါ်ထပ်သူ့အခန်းသို့ ပို့ပေးလိုက်သည်။ ခေါင်းတောင်မထောင်နိုင်အောင် ဒီလိုနေ့မျိုးတွေကိုပိုင်ကြီးက အရက်သောက်ခြင်းဖြင့် ဆန္ဒပြတတ်သည်။ မီးခိုးရောင်အိပ်ရာခင်းထက်တွင်အိပ်မောကျနေသောလူပိုင်ဟိန်းကိုကြည့်၍ မိုးထက်မြင့်နှင့်နောင့်ဆိုင်းမွန်အိမ်အောက်ထပ်သို့ပြန်ဆင်းလာကြသည်။ Dining roomကိုအဖြတ်ဆိုင်းမွန်ပြင်ဆင်ထားသောညစာကို မိုးထက်မြင့်က တစ်ချက်ကြည့်၍ နားလည်စွာပင်

"Happy Anniversary "

ထိုစကားကိုမကြားချင်ဆုံးဖြစ်သောလူတစ်ယောက်ဆီမှဆိုင်းမွန်ကြားလိုက်ရ၍ ရင်ထဲတွင်အောင့်သက်သက်ဖြစ်သွားရသည်။ ထို့အတွက်မိုးထက်မြင့်ကိုအိမ်ပါအောင်ခေါ်ခဲ့သော လူပိုင်ဟိန်းကို စိတ်တိုမိသည်။

So Why Not Me? (Ongoing) Donde viven las historias. Descúbrelo ahora