Part-15

739 46 11
                                        

Unicode

မုန်တိုင်းကြေညာထားသောကြောင့် တစ်နေ့လုံးမိုးအုံ့နေကာ ပတ်ဝန်းကျင်တစ်ခုလုံးက မှိုင်းပျပျဖြင့် လူ့စိတ်ကို ထိုင်းမှိုင်းစေ၏။ တစ်ဆင့်ပြီးတစ့်ဆင့်အထပ်များကိုကျော်ဖြတ်ရင်း နောင့်ဆိုင်းမွန်တစ်ယောက် လူပိုင်ဟိန်းရုံးခန်းသို့ ဦးတည်သွားသည်။
နှစ်ချုပ်စာရင်းများတင်ပြရန် meetingထိုင်မည်ဖြစ်၍ လာရသောကြောင့်အရင်ဆုံး လူပိုင်ဟိန်းထံသို့ သူဝင်ချင်သေးသည်။
ရုံးခန်းရှေ့သို့ရောက်သောအခါ မန်နေဂျာ ကျော်စိုးဟန်က ကပျာကယာဖြင့်

"အကိုလေး အစောကြီးရောက်လာပါလား ဆရာ့ဆီကိုက ဘာကိစ္စ"



"ငါ့အမျိုးသားဆီ ငါကကိစ္စရှိမှလာရမှာပေါ့"


ဘောင်းဘီအိတ်ကပ်ထဲသို့လက်ထည့်ကာ ဟန်ကျကျဖြေလိုက်သောအခါ မန်နေဂျာကအကြပ်ရိုက်သွားသည်ထင်။
ခေါင်းကိုတစ်ချက်ကုပ်၍

"ဘော့စ်အခုထိ ရုံးမလာသေးဘူး အကိုလေး"



စိတ်ထဲတင်းခနဲဖြစ်သွားသော်လည်း ချက်ချင်းပင် ဖြေလျှော့လိုက်၍ လူပိုင်ဟိန်းရုံးခန်းထဲဝင်သွားလိုက်သည်။
အုံ့မှိုင်းနေသော မြို့ပြမြင်ကွင်းကိုခန်းစီးလိုက်ကာအနောက်မှ တွေ့ရသဖြင့် မနက်ပိုင်းရောင်နီတောင်မထွက်နိုင်သေးပေ။
မနက်အစောကြီးထဲက ထွက်သွားသောသူက အခုထိမရောက်လာသေးဘူးဆိုတော့ ဘယ်နေရာမှာရှိနေသလဲဆိုတာ ခန့်မှန်းကြည့်စရာပင်မလိုချေ။

ဆယ့်ငါးမိနစ်မျှကြာသောအခါ စကားသံသဲ့သဲ့နှင့်အတူ


"လိုအပ်တာတွေအကုန်ပြင်ဆင်ထားလား ဘုတ်အဖွဲ့ကိုအကြောင်းကြားတော့ meeting စလို့ရပြီ"

စကားတွေအဆက်မပြတ်ပြော၍ ဝင်လာသော လူပိုင်ဟိန်းက အခန်းတံခါးကို ကျောပေး၍ခြေချိတ်ထိုင်နေသော နောင့်ဆိုင်းမွန်ကို မမြင်သေးပေ။


"မောနင်း မောင် ရုံးလာတာနောက်ကျလှချည်လား "

ဆိုင်းမွန်အသံကိုကြားမှ လူပိုင်က မန်နေဂျာထံပြောလက်စစကားကိုရပ်ကာ နောင့်ဆိုင်းမွန်ကို လှည့်ကြည့်လာ၏။ ရုတ်တရက်မို့ အိုးတို့အန်းတန်းဖြစ်သွားလိမ့်မည်။
ကိုကျော်စိုးဟန်ကတောင် အလိုက်တသိ အခန်းအပြင်ဘက်သို့ အရိုအသေပေးကာ ထွက်သွားတော့သည်။


So Why Not Me? (Ongoing) Wo Geschichten leben. Entdecke jetzt