Part-16

615 56 14
                                    

(Unicode)

ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့် မနက်ခင်းတရားသံတိုးသဲ့သဲ့လေး စိတ်ကိုငြိမ်ချမ်းစေသည်။ ကိုယ်စီကိုယ်စီလှုပ်ရှားနေရသော ဘဝတွေက မနက်ခင်းဆို အိမ်အသီးသီးမှအလျှိုလျှိုထွက်လာကြကာ ဘဝအတွ​က်ရုန်းကန်ကြရသည်။
မနက်ခင်းတိုင်း လမ်းလျှောက်တတ်သော ဆိုင်းမွန်က အရင်ကလောက်တော့သိပ်အချိန်မမှန်တော့ပေ။ အလုပ်ကိုသာဦးစားပေးနေရသည်မို့ ကျန်းမာရေးအတွက်တောင်လစ်ဟင်းနေမှန်း အခုမှသတိရမိသည်။
သူတို့ရပ်ကွက်ထိပ်နားတွင် မနက်စျေးရှိသည်မို့ ဟင်းချက်စရာအနည်းငယ်ဝင်ဝယ်၍ နောင့်ဆိုင်းမွန်အိမ်ပြန်လာခဲ့သည်။
Kitchen ထဲတွင် မနက်စာအတွက် ကော်ဖီဖျော်၊ပေါင်မုန့်မီးကင်ပေးနေစဥ် Adamက ကျောင်းဝတ်စုံအပြည့်ဖြင့် Dinning roomထဲသို့ ဝင်လာ၏။

မနက်စာပြင်ပေး၍ Adamစားနေသည်ကိုစောင့်ပေးရင်း ဆိုင်းမွန်လည်း နေ့လည်စာထည့်သွားရန်ချက်ပြုတ်နေခဲ့သည်။ မနက်ခုနှစ်နာရီခွဲရှစ်နာရီနီးပါဖြစ်နေပြီဖြစ်သော်လည်း အခုထိမဆင်းလာသေးသော လူပိုင်ဟိန်းကြောင့် အပေါ်ထပ်သို့ လှမ်းအကဲခတ်လိုက်သည်။ ညက သောက်လာတာ များသွားသည်နှင့်တူပါသည်။

အိမ်ရှေ့မှကားရပ်သံနှင့်အတူ အသံစာစာနှင့်ဝင်လာသော မိုးထက်မြင့်ကြောင့် နောင့်ဆိုင်းမွန်မျက်နှာအနည်းငယ်တည်တင်းသွားသည်။ လက်ထဲမှ သံပုရာဖျော်ရည်ဘူးကိုတွေ့လိုက်ရသဖြင့် ချက်ချင်းမျက်နှာပျက်သွားသည်ကို Adamရှိနေသောကြောင့်သာ အပြုံးမပျက်ထိန်းထားရသည်။

"အခုထိမထသေးဘူးလား လူပိုင်က ဟာ......Adamတောင် breakfast စားနေပြီပဲ "

ပြောပြောဆိုဆိုပင် Adamဆီသို့သွားကာ ပန်းကန်ထဲမှ ဝက်အူချောင်းကိုယူစားနေသည်။ လူတကာနှင့်ပေါင်းသင်းဆက်ဆံတတ်သော မိုးထက်မြင့်က Adamနှင့်လည်း ခင်မင်ရင်းနှီးသည်။
ငယ်ငယ်ထဲက လက်ပေါ်ကြီးပြင်းခဲ့သောကြောင့် မိုးထက်မြင့်ကို သူအတော်ခင်၏။


"ငါကနောက်ကျမယ်ထင်နေတာ "


အပေါ်ထပ်မှဆင်းလာသော လူပိုင်ဟိန်းက ညအိပ်ဝတ်စုံကိုတောင်မလဲရသေးပေ။
အိပ်ရာမှထလာသော လူပိုင်ဟိန်းကဘာမှမပြင်ဆင်ထားတာတောင် ကြည့်ကောင်းနေသည်ကို ဆိုင်းမွန် မညာတမ်းလက်ခံရသည်။ ထမင်းစားခန်းထဲတွင် လူလေးယောက်ရှိနေသော်လည်း ဆိုင်းမွန်က အပိုလူသာသာရယ်။


So Why Not Me? (Ongoing) Tempat cerita menjadi hidup. Temukan sekarang