Part-19

785 46 17
                                    

(Unicode)

"Daddy သားသြဇီမသွားချင်ဘူး ဒီမှာပဲနေမှာ ပြီးတော့..........."

Adam၏ အိပ်နေရင်းယောင်နေသော စကားကြောင့်နောင့်ဆိုင်းမွန် လူပိုင်ဟိန်းကို မသင်္ကါစွာစိုက်ကြည့်လိုက်သည်။ အခုအထိမေးနေသည်ကိုမဖြေလာသောကြောင့် သူစိတ်ရှည်မနေနိုင်တော့ပါ။
အခုတလောအတွင်း Adamတစ်ယောက် ဂိုက်ကောင်လေးနှင့်သာ တစ်ချိန်လုံးစာလုပ်နေ၍ သူအဆင်သင့်ပြင်ပေးထားသော ညနေစာတို့ကိုပင် တစ်ခါတလေ ဆင်းမစားထားသည်ကိုတွေ့ရသည်။ စာမေးပွဲကြောင့်ဟု ထင်လိုက်သော်လည်း ဒီလိုဝင်ခွင့်ဖြေနေရမှန်းမသိပေ။
ကလေး၏ပညာရေးအတွက် အားပေးသော်လည်း လူပိုင်ဟိန်းစိတ်တိုင်းမကျသည်တိုင်း တစ်ကျောင်းပြီးတစ်ကျောင်းပြောင်းနေရသည့် Adamအတွက်အဆင်မပြေလှပါ။

"သူများအိမ်မှာ စကားမများချင်ဘူး "

"မင်းလုပ်ချင်တိုင်း လုပ်ရအောင် Adamဘက်ကိုတွေးပေးလေ!!"

စကားသံအနည်းငယ်ကျယ်လောင်သွားသည့်အခါ လူပိုင်ဟိန်း စိတ်ရှုပ်စွာဖြင့် ကျစ်စုတ်သ၍


"မင်းဝင်မပါဖို့ပြောထားပြီးသား "

"အခု ကလေးကသွားမတက်ချင်ဘူးမလား သူစိတ်မပါတဲ့အလုပ်ကိုအတင်းတဇွတ်ထိုးသွားလုပ်လို့မဖြစ်ဘူး ဟိုမှာ ဘယ်လောက်ပဲ private schoolဖြစ်နေအုံးတော့ စိတ်မချစရာတွေချည်းပဲ ဆွေမျိုးရှိလို့ ထားတယ်ဆိုရင်တစ်မျိုးပေါ့ "

ဆိုင်းမွန်စကားကြောင့် လူပိုင်ဟိန်းတစ်ချက်တွေဝေသွားသည်။ သို့သော်သူ့ဆုံးဖြတ်ချက်ကို ပြင်မည့်သူမဟုတ်ပေ။
Adamကိုလည်း သူ့ထည့်တွက်မည်မဟုတ်။

"ဒီမှာ Adamအဆင်ပြေနေတာကို ဘာလို့ပြောင်းမှာလဲ "


"နောက်ကျရင်လည်း ကျောင်းသွားတက်ရမှာ အခုထဲက အခြေတကျဖြစ်အောင် ငါကစီစဥ်တာ ကျောင်းကိုလည်း သေချာစုံစမ်းပြီးသား ငါ့သားကိုဘယ်တော့မှပြီးစလွယ်မလုပ်ဘူး ဆိုင်းမွန် မင်းဘာမှဝင်မပြောနဲ့ "


Adamဘက်သို့တစ်ချက်ကြည့်၍ ပြောလာသော လူပိုင်ဟိန်းကြောင့် ဆိုင်းမွန် ဆက်ပြောချင်စိတ်မရှိတော့ပေ။ ညှိမရသည့်အထဲတွင် Adamကိစ္စနှင့်ပတ်သက်လာလျှင် အဆိုးဆုံးဖြစ်၏။


So Why Not Me? (Ongoing) Où les histoires vivent. Découvrez maintenant