(Unicode)
ကြီးမားကျယ်ဝန်းသော ခြံကြီးထဲသို့ကားလေးတစ်စီးကွေ့ဝင်လာ၏။ နှင်းဆီအနီရောင်များရဲရဲတောက်အောင်စိုက်ပျိုးထားသောပန်းခြံကြီးကို ကျော်ဖြတ်လိုက်သောအခါ မြင့်မားသောနှစ်ထပ်တိုက်အိမ်ကြီးကကြိုဆိုနေ၏။ လူပိုင်ဟိန်းအိမ်ခွဲနေပါပြီဆိုကတည်းက တစ်ခါတလေအလည်အပတ်သဘောမျိုးသားရောက်ဖြစ်သောကြောင့် အခုလိုမြင်တွေ့နေရသည်မှာ အထီးကျန်ဆန်လွန်းလှသည်။Adamကိုတောင်ဒီအိမ်သို့ပေးမလာခဲ့ပါ။
သူနှင့်ရှေ့ဆင့်နောက်ဆင့်မှာပင်ဝင်လာသောကားအဖြူလေးကြောင့် လူပိုင်ဟိန်း ခေါင်းခါလိုက်၏။ မာမီ၏ မိသားစုညစာစားပွဲလေးလုပ်ချင်သည်ဟုဆိုသောကြောင့် မတတ်သာ၍သာ လာခဲ့ရတာ အမှန်တကယ်တော့ မာမီ့နောက်အိမ်ထောင်အမျိုးသားနှင့်မျက်နှာချင်းမဆိုင်ချင်ပါ။
မေးထူးခေါ်ပြောအဆင့်သာရင်းနှီးသူဖြစ်သော်လည်း စီးပွားရေးအရ မသိမသာအားပြိုင်နေသောကြောင့် မပတ်သက်ချင်တာလည်းပါဝင်နေသည်။ အိမ်ရှေ့မှထွက်ကြိုနေသောမာမီကအရင်အတိုင်းနုပျိုသွက်လက်ဆဲပင်။ကားထဲမှအထွက် သူနှင့်အတူပါလာသော Adamကိုမာမီက တွေ့တွေ့ချင်းမှာပင် ဝမ်းသာအားရပြေးဖက်၍
"ဘွားဘွားမြေးလေးက အရပ်ကြီးရှည်လာပါရောလား။ ကျောင်းကနေတန်းခေါ်ခဲ့တာလား အဝတ်အစားတောင်မလဲရသေးဘူး "
လူပိုင်ဟိန်းက မာမီစကားကိုခေါင်းညိမ့်ပြလိုက်ရင်း Adamဘက်သို့လှည့်ကာ
"Adam ဘွားဘွားကို သစ်သီးခြင်းပေးလိုက်အုံး "
"အမယ် မာမီသားက လိမ္မာနေပြီပေါ့ ဆိုင်းမွန်အထိန်းအသိမ်းကောင်းလို့ဖြစ်မယ် ဒါနဲ့ဆိုင်းမွန်ရော "
နောင့်ဆိုင်းမွန်ဆိုသောအမည်ကြားသည်နှင့်တည်တင်းသွားသော မျက်နှာထားကို Adamသာရိပ်မိလိမ့်မယ်ထင်ပါသည်။
မေးငေါ့အချက်ပြ၍ လူပိုင်ဟိန်းက သိသိသာသာစကားလွှဲသွားခဲ့၏။"မာမီ့အမျိုးသားရော "
"ရှိပါ့ သားတို့လာမယ်ဆိုလို့စောင့်နေတာ အော်...........ဆိုင်းမွန်လည်းရောက်ပြီ ဘာလို့အတူတူမလာကြတာလဲ "
YOU ARE READING
So Why Not Me? (Ongoing)
RomanceMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။