Part-28

1.1K 46 15
                                        


(Unicode)

ပတ်ဝန်းကျင်၏အရာရာဟာ စိမ်းလန်းစိုပြေ၍ တိုက်ခတ်လာသော လေညင်းကလည်း လတ်ဆက်နေပါသည်။
မိုးဦးကြားကာလဖြစ်၍ ဖူးသစ်စအရွက်ကလေးများပင် သစ်လွင်နေသည်။ တိတ်ဆိတ်ငြိမ်သက်သော ကျောင်းဝင်းကြီးဖြစ်သောကြောင့် တစ်ခါတရံကျောင်းဝင်းအတွင်းစိုက်ထားသော ထင်းရှူးပင်လေးများတွင် ရှဥ့်ညိုလေးတွေပြေးနေကြသည်ကိုပင် တွေ့ရတတ်သည်။
အထပ်မြင့်အဆောက်အဦးများ၏အလယ်ဘောလုံးကွင်းတွင် ကျောင်းသားမိဘများနှင့် ကျောင်းသားများစုဝေးနေကြ၏။ Laggageအရောင်စုံကိုယ်စီဖြင့် ကျောင်သားကျောင်းသူလေးများကတက်ကြွနေပြန်သည်။
ကော်ရစ်တစ်လျှောက်ပွတ်တိုက်ဆွဲသွားသော Laggageသံနှင့်အတူ အဝေးတစ်နေရာမှကျောင်းသားကျောင်းသူများ၏ အသံလေးများကို တစ်စတစ်စကြားရတိုင်း Adamတစ်ယောက် ခြေလှမ်းများကို အရှိန်နည်းနည်းတင်လိုက်သသည်။

ဂျင်းကြပ်ဘောင်းဘီအနက်ရောင်ကို ဟူဒီအညိုရောင်ဖြင့်တွဲဖက်ဝတ်ဆင်ထားသော Adamက တစ်ကယ်ကိုကလေးတစ်ယောင်အသွင်ဆောင်နေ၏။
ဘေးတွင် တတွက်တွက်မှာနေသော နောင့်ဆိုင်းမွန်စကားသံကို အာရုံရပါ့မလားတောင်မသိပါ။ သူပဲ လိုက်သွားပါပြော၍ စိတ်မချဖြစ်နေသော နောင့်ဆိုင်းမွန်ကိုကြည့်၍ အနောက်တွင် Adamခရီးဆောင်အိတ်ကို ဆွဲ၍ လိုက်ပါလာသော လူပိုင်ဟိန်းက ခေါင်းရမ်းနေမိသည်။

စုရပ်သို့ရောက်သောအခါ Busကားသုံးစီးဆိုက်လာပြီဖြစ်၍ ကလေးများ၏ "ဟေး......."ဟူသောအသံကိုကျယ်လောင်စွာကြားလိုက်ရသည်။ နာမည်ခေါ်၍ ကိုယ်စီရမည့်ကားနှင့်ခုံနံပါတ်ကို ပြောနေသော တာဝန်ကျဆရာမအသံကိုပင်ဖုံးလွှမ်းသွားတော့သည်။


"Adam ဘိုးဘိုး ကိုသွားနှုတ်ဆက်လိုက်အုံး "


ခပ်လှမ်းလှမ်းတွင် ဆရာ၊ဆရာမများနှင့်စကားပြောနေသော လူကြီးအချို့တွင် မာမီအမျိုးသားပါနေသောကြောင့် လူပိုင်ဟိန်းက Adamကို သွားနှုတ်ဆက်ခိုင်းသည်။
အသက်ခြောက်ဆယ်နားနီးနေပြီဖြစ်သော်လည်း အခုထိသန်မာဖျက်လတ်နေသော အန်ကယ်လ်က Adamကိုတွေ့သောအခါ

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jun 23, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

So Why Not Me? (Ongoing) Tempat cerita menjadi hidup. Temukan sekarang