Part-22

688 40 15
                                    

(Unicode)

နံရံထက်မှနာရီတဂျောက်ဂျောက်က ဆယ့်နှစ်နာရီတိတိကိုညွှန်ပြနေသည်။ အပြင်ဘက်အမှောင်ထုကလည်း ပိတ်မှောင်နေကာ တိတ်ဆိတ်နေလျက်။ ဧည့်ခန်းထဲတွင် ညမီးအလင်းရောင်ကိုအဖော်ပြု၍ ဆေးလိပ်ဖွာနေသော နောင့်ဆိုင်းမွန်က ခံစားချက်မဲ့နေသလို။ မျက်ဝန်းများကိုလည်း မှန်ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်လွှဲထားသည်။
ဆေးလိပ်ပြာခွက်ထဲတွင် တစ်ခုပြီးတစ်ခုကုန်သွားသော ဆေးလိပ်များက နောင့်ဆိုင်းမွန်း၏ အထီးကျန်ခြင်းကို အဖော်ပြုပေးနေ၏။
ဘာတွေဆက်ဖြစ်မယ်မှန်းသေချာနေသော မနက်ဖြန်တွေကို သူမရောက်ချင်တော့ပေ။ ပြောင်လက်နေသော စားပွဲပေါ်မှဖုန်းကိုကောက်ကိုင်၍ မိုးထက်မြင့်ဆီသို့ လှမ်းခေါ်မိသည်။


" ပိုင်ကြီး ပြန်မလာဘူး "




"ဘာဖြစ်ကြပြန်တာလဲ "


"သာမာန်ကိစ္စတစ်ခုလိုစကားများတာထက်နည်းနည်းပိုတယ်"

မဟုတ်ဘူး။ အများကြီးပိုသွားခဲ့တာ။ နောင့်ဆိုင်းမွန်မျက်ရည်တွေ မျက်ဝန်းအပြင်ဘက်သို့ ယိုစီးကျကုန်၏။
အချစ်တစ်ခု​ကြာင့် စတေးလိုက်ရသည့်သူ့ငယ်ဘဝကို နှမြောမိသည်။
ဒီအချစ်မှာ လူပိုင်ဟိန်းနိုင်သွားမည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ဆိုင်းမွန်လည်မရှုံးပေ။ ပေးဆပ်ခဲ့ရသည့်နာကျင်မှုကိုလည်းကျေကျေနပ်နပ် ခံယူပြီးပြီကိုး။


"ပြန်လာမှာပေါ့ ဖြစ်နေကျကို "



"မဟုတ်ဘူး သုံးရက်ရှိ......."

ရှိုက်သံသိမ့်ခနဲ နစ်ခနဲနေအောင်ခံစားရလာသောကြောင့် ဆိုင်းမွန်စကားမဆက်နိုင်ပေ။
လိုလိုလားလားရယ်လို့မဟုတ်ပေမယ့် လူပိုင်ဟိန်းနှင့်ပတ်သက်လျှင် ကိုယ့်ထက်မိုးထက်မြင့်ကပိုသိသောကြောင့် အပူပြေးကပ်မိသည်။
ပါးပြင်ပေါ်မှမျက်ရည်စများကို ဖယ်ရှား၍ ပင့်သက်တစ်ခုရှိုက်ငင်လိုက်ရသည်။ စကားဆက်ဖို့တောင် အားမရှိတော့ပေ။

"သူ့ဘာသာစိတ်ကျေနပ်ရင်ပြန်လာလိမ့်မယ် မင်းလည်းအဲ့လောက်စိတ်ထဲမထားနဲ့တော့ လွှတ်ထားပေးလိုက် "


So Why Not Me? (Ongoing) Wo Geschichten leben. Entdecke jetzt