Part-11

603 43 2
                                    

Unicode

နံနက်ခင်း၏နေ့သစ်တစ်ရက်၌ မိုးမျှော်ထပ်၏တစ်နေရာတွင် စတော့ရှယ်ယာစာရင်းများကိုကြည့်၍ လူပိုင်ဟိန်းတစ်ယောက်ကျေနပ်ပီတိဖြစ်နေ၏။ ဒီနှစ်အတွင်းရှယ်ယာစျေးက မှန်းထားသည်ထက်ထက်ဝက်မကသာနေသည်မို့ တခြားကုမ္ပဏီကြီးများ၏စိတ်ဝင်စားခြင်းကိုခံနေရသည်။
အနောက်တိုင်းတေးသွားတစ်ပုဒ်ကို ခပ်လွင်လွင်ဖွင့်ထားသောကြောင့် သူစိတ်ထဲတွင် မြူးနေ၏။ ရုတ်တရက်ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်ရာ မိုးထက်မြင့်​ဖြစ်နေသည်မို့ လူပိုင်ဟိန်းအထဲသို့ဝင်ရန်ခွင့်ပြုလိုက်သည်။
အထဲသို့စမတ်ကျစွာလျှောက်လာသော မိုးဖက်မြင့်ဆိုသူကလည်း လူပိုင်ဟိန်းနှင့်မခြားနားပေ။ ချောမောသန့်ပြန့်ကာ မိန်းမတိုင်းပစ်ကြွေချင်စရာကောင်းလောက်အောင် အစွမ်းထက်၏။


"ဘာတွေ ကျေနပ်နေတာလဲ "



"မြင်တဲ့အတိုင်းပဲ "



Laptop ကိုမိုးထက်မြင့်ထံသို့လှည့်လိုက်၍ ဒဲ့တိုးကြွားလာသော လူပိုင်ဟိန်းကြောင့် မိုးထက်မြင့်က 'ဝိုး'ခနဲအံ့သြဟန်ပြလိုက်သည်။
တကယ်လည်း ဒီကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေသူအသိဆုံးပဲလေ။



"အခုတလော ဆိုင်းမွန်ကိုမတွေ့ရပါလား "


"ခရီးသွားတယ်ဆိုပဲ ရှုပ်ရှုပ်ယှက်ယှက်တွေ "



"မင်းသတင်းမကြားသေးဘူးလား ဆိုင်းမွန် Moon Star groupက မြေကွက်လေလံဆွဲတာ သူရသွားတယ် "


"ဘာရယ် ဆိုင်းမွန်ကလေ "



တအံ့တသြဖြင့်မယုံသလိုမေးလာသော လူပိုင်ဟိန်း၏စကားကြောင့် မိုးထက်မြင့်က သူ့ဖုန်းထဲမှ တစ်စုံတစ်ခုကိုရိုက်ရှာ၍ ပြလိုက်လေသည်။ ဓာတ်ပုံထဲမှ တည်ငြိမ်စွာဖြင့် လေလံပွဲကိုစိတ်ဝင်စားနေသော နောင့်ဆိုင်းမွန်ကြောင့် လူပိုင်ဟိန်းအတွေးများစေခဲ့သည်။
ဒီလောက်ရင်းနှီမြုပ်နှံသူတွေ ငမ်းငမ်းတက်လိုချင်နေသော မြေကွက်ကို ဆိုင်းမွန်က ရသွားသည်မှာ စိတ်ဝင်စားစရာပဲလေ။ ဒီပွဲအတွက် သူ့ပိုက်ဆံတွေဘယ်လောက်တောင်သုံးခဲ့လိုက်လည်း မသိနိုင်ချေ။



So Why Not Me? (Ongoing) Where stories live. Discover now