Part-10

767 45 10
                                        

Unicode

တုန်ယင်နေသောလက်များက လျင်မြန်စွာပင် video fileကိုချက်ချင်း ဖျက်ပစ်လိုက်သည်။ သို့သော်သံသယများကြောင့် နောင့်ဆိုင်းမွန်ခြေပင်မခိုင်တော့ချေ။
ထို videoက လွန်ခဲ့သော ခြောက်နှစ်ခန့်လောက်အခါက သတိမရချင်စရာကောင်းသောအဖြစ်အပျက်၏နောက်ကွယ်မှ ဆိုင်းမွန်က ဝိတ်တာစားပွဲထိုးဆီမှာ ဆေးယူလိုက်သောပုံကို အပေါ်စီး cctvမှဖမ်းယူထားသည့် video fileပင်။

ဦးနှောက်မှသေချာစွာအလုပ်ပေး၍ ပြန်စီစစ်သော်လည်း မခန့်မှန်းတတ်တော့ပေ။ ဘယ်သူက ဒီကိစ္စကိုသိနေခဲ့တာလဲ။ အချိန်တွေကြာပြီးမှ ပြန်အစဖော်ဆွဲထုတ်ရအောင် ကောင်းမွန်သည့်အနေအထားမှ မဟုတ်ကြတာ။
ပျက်သွားသောမျက်နှာကို ပြန်ပြင်လိုက်၍ rest roomမှထွက်လာခိုက် company အပြန်ပေါက်ဝသို့အကွေ့တွင် ကိုယ့်ကိုစောင့်နေသော ဇာလီနှင့် ထိပ်တိုက်တိုးခဲ့သည်။ အမြဲမော်ကြွားဟော့ရမ်းနေတတ်သော ဇာလီက အခုခါလည်း အပြာရင့်ရောင် jumpsuitကို ချပ်ကပ်နေအောင်ဝတ်ထား၍ ဆံပင်အခွေလိပ်များကိုဖြည်ချထား၏။



"First day မှာချွေးပြန်နေတာလား ဆိုင်းမွန် "


အခုဆိုင်းမွန်ပုံစံက ဖရိုဖရဲဖြစ်နေတာ သိသာလွန်းနေသည်လားမပြောတတ်ပေ။ ခေါင်းအစခြေအဆုံးနေကာမျက်မှန်ကိုတောင်ဆွဲချွတ်၍ ကြည့်လျက်ပြောလာသည်။


"ဆိုပါတော့  ဟက်"


နက်ခတိုင်ကိုလျော့၍ ဘာမထီမပြောဖြင့်ပြန်ပြောပေးလိုက်သောအခါ ဇာလီက မဲ့ရွဲ့ကာဖြင့် ဆိုင်းမွန်ကို ခနဲ့၏။
လှည့်ထွက်သွားရန်ပြင်ကာမှ နောင့်ဆိုင်းမွန်လက်မောင်းကိုဆုပ်ကိုင်၍ ဇာလီက အံကြိတ်ထားသောလေသံဖြင့်



"နင်............ငါ့ကိုအရင်စိန်ခေါ်လိုက်တာပဲ  လူတစ်ယောက်လုံးရထားတာတောင် ဘာတွေမက်မောနေပြန်တာလဲ "




"အဟက်..........ငါ့ကိစ္စမို့ မင်းဝင်မစွက်ဖက်လည်းဖြစ်တယ်။ မေးကြည့်ဖူးလား မင်းကိုလူပိုင်ဟိန်းဘာကြောင့်ပြန်လက်ခံခဲ့လဲဆိုတဲ့အကြောင်း........... "



နောင့်ဆိုင်းမွန်၏စကားက ဇာလီဝင်းထိုက်ကို စိတ်ဆိုးစေသဖြင့် ဇာလီကလည်း နောင့်ဆိုင်းမွန်လက်မောင်းရင်းကို တင်းကြပ်နေအောင်ဆုပ်ကိုင်၍



So Why Not Me? (Ongoing) Where stories live. Discover now