(Unicode)
အဖြူနက်ပြာကျောင်းဝတ်စုံများဖြင့်ပနံသင့်နေသည့် ကျောင်းဝန်းကြီးရှေ့တွင် လိမ္မော်ရောင်ကျောင်းကားတစ်စီးဆိုက်ကပ်လာသည်။ တစ်ဖွဲဖွဲဆင်းလာသော ကျောင်းသားတစ်ချို့၏နောက်ဆုံးမှာမှ Adamကလွယ်အိတ်ကိုဘေးတစ်ဘက်သို့ချ၍ စိတ်မပါလက်မပါဆင်းလာခဲ့သည်။
ဘေးဘီဝဲယာဘက်သို့ကြည့်လိုက်သောအခါ အခန်းထဲမှ ကျောင်းသားတစ်ယောက်အား သူ့မိဘကျောင်းလာပို့သည့်မြင်ကွင်းကို တွေ့လိုက်ရသဖြင့် စိတ်ဝင်တစားကြည့်နေမိသည်။
အမြဲဆိုးပေတေနေသော ထိုကျောင်းသားက အခုထိအိမ်ကမိဘစုံလင်စွာကျောင်းလိုက်ပို့သည့်အတွက် ပုံရိပ်ကနည်းနည်းတော့ရယ်စရာကောင်းနေသည်မလား။
အမြဲထောင့်မကျိုးသောထိုကျောင်းသားကို သူ့အမေဟုထင်ရသော အမျိုးသမီးတစ်ဦးက ကျောင်းလွယ်အိတ်ကအစ နက်ခ်တိုင်အဆုံးအကုန်လုပ်ပေးနေသောကြောင့် ထိုကျောင်းသားက သဘောမကျဘူးထင်ပါသည်။ မျက်နှာဆူပုတ်ပုတ်ဖြင့်။ ကားထဲမှသူ့အဖေကဘာပြောလိုက်သည်မသိပါ။ အန်တီကြီးက ထိုကောင်ကို တစ်စုံတစ်ခုပြော၍ ခေါင်းလေးကိုပုတ်ကာ ကားထဲဝင်၍ မောင်းထွက်သွားတော့သည်။
Adamတစ်ယောက် ထိုမြင်ကွင်းကို အစအဆုံးကြည့်နေသည်မှာ ထိုကျောင်းသားကျောင်းဝန်းထဲဝင်သွားသည်အထိပေ။ လမ်းလျှောက်လာရင်း
ဖြင့်ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းသံမြည်လာသောကြောင့် မနေ့ညက ရူးမိုက်သောလုပ်ရပ်ကိုသူလုပ်ခဲ့မိမှန်းသတိရမိသည်။ထိုအကြောင်းကား အထက်တန်းနောက်ဆုံးနှစ်မှ လူဆိုးများဖြစ်သောစီနီယာအကိုထံတွင် cigarette-caseနှင့်အရက်ပုလင်းမှာမိခဲ့သည်လေ။ ကျောင်းထဲတွင်မလုပ်ရဲတာဘာမှမရှိသောထိုလူတစ်စုကို တစ်ချို့ကျောင်းသားများက ငွေပေးကာ မှာတတ်ကြသည်။ Adamလည်း အခုတလောစိတ်ထွက်ပေါက်အဖြစ် cigaretteနှင့်အရက်သောက်ကြည့်ရန် လက်တည့်စမ်းချင်လာသည်။
"အခုပဲရောက်တာ အင်း ကျွန်တော်လာနေပြီ"
အရိပ်အခြေအနေကြည့်၍ ကျောင်းဆောင်များ၏အနောက်ဘက်ခြမ်းသို့ထွက်ခဲ့သောအခါ ထိုစီနီယာအကိုသုံးယောက်က ခေါင်းချင်းဆိုင်ကာဘာလုပ်နေကြမှန်းမသိ။

YOU ARE READING
So Why Not Me? (Ongoing)
RomanceMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။