(Unicode)
မီးရောင်စုံထိန်ထိန်သာနေသော မြို့ပြအလယ်ရှိဟိုတယ်ခန်းမတစ်ခုထဲတွင် လုပ်ငန်းရှင်လူကြီးမင်းများစုဝေးနေကြသည်။ အနောက်တိုင်းဂီတသံများက ညင်းသွဲ့သွဲ့ပျံ့လွှင့်နေကာ ဟိုတစ်စုသည်တစ်စုဖြင့် စကားစမြည်ပြောဆိုနေကြသောကြောင့် အခမ်းအနားအစီအစဥ်မစရသေးပေ။
ထည်ဝါလှသော မီးဆိုင်းကြီးများအောက်တွင် ကတ္တီပါကောဇောနီတို့က အင်မတန်ကျက်သရေရှိလှ၏။အသက်ငါးဆယ်ကျော်ခြောက်ဆယ်နီးပါးရှိနေပြီဖြစ်သော်လည်း အရွယ်တင်နေသော မာမီက သူ့အမျိုးသားနားမှမခွာအမြဲတတွဲတွဲနှင့်မို့ လူပိုင်းဟိန်း မျက်နှာတစ်ချက်လွှဲလိုက်သည်။
အပေါ်အဖြူအောက်အနက်ရောင် suitကိုလိုက်ဖက်စွာဝတ်ဆင်ထားသော Adamက တည်ငြိမ်စွာပင်ဧည့်ခံထားသော အစားအသောက်များကို လိမ္မော်ရည်တစ်ခွက်ကိုင်ကာ တစ်ခုချင်းစီ လိုက်မြည်းနေ၏။
လူပိုင်လည်း ရောက်လာကြသော ဧည့်သည်များတွင် ရင်းနှီးသောမိတ်ဆွေများပါသောကြောင့် စကားလက်ခံပြောပေးရန်အတွက် Adamကို"ဘွားဘွားနား သွားနေ Adam Daddyဧည့်သည်တွေနဲ့ စကားပြောစရာရှိလို့ "
နာခံစွာပင် Adamက မာမီ့အနားတွင်သွားနေသည်။
လူပိုင်ဟိန်းကိုအကျိုးတူပူပေါင်းလိုသော လုပ်ငန်းရှင်များက လာနှုတ်ဆက်ကြသဖြင့် စကားလက်ခံပြောပေးဖြစ်သည်။မိသားစုပိုင် company အပြင် မာမီ့အမျိုးသားဘက်မှလည်း စီးပွားတောင့်တင်းသဖြင့် အကျိုးလိုလို့ညောင်ရေလောင်းချင်သူများက ခပ်များများ။
ရုတ်တရက်အသံအနည်းငယ်ငြိမ်သက်သွားသဖြင့် ခန်းမအဝင်ပေါက်ကို ကြည့်လိုက်ရာ အနက်ရောင်ရှပ်အင်္ကျီကို ကြယ်သီးသုံးလုံးဖြုတ်ထားသောကြောင့် ဝင်းမွတ်နေသောအသားအရည်တို့ကို အထင်းသားမြင်နေရသည်။ စတိုင်ကျကျလျှောက်လှမ်းလာသော ခြေလှမ်းတို့က ယုံကြည်မှုအပြည့်ဖြင့် ဒီကလူများကိုတောင်အာရုံဖမ်းစားသွားနိုင်သည့် နောင့်ဆိုင်းမွန်ပါပေ။
သူ့ကိုစိတ်ဝင်စားနေသောလူနည်းစုကို နှုတ်ခမ်းလှုပ်ရုံမျှပြုံးပြသွားသေး၏။
ထိုအထဲတွင် လူပိုင်ဟိန်းလည်းပါဝင်ပေသည်။
![](https://img.wattpad.com/cover/287841051-288-k826558.jpg)
YOU ARE READING
So Why Not Me? (Ongoing)
RomanceMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။