(Unicode)
နောင့်ဆိုင်းမွန်အခုတလော Clothing brand တစ်ခုထုတ်မည်ဖြစ်၍ အလုပ်ရှုပ်နေရာ အိမ်သို့ညဥ့်နက်မှပြန်ရောက်လာတတ်၏။ ခေါင်းထဲတွင်စီတန်းနေသောအလုပ်ကိစ္စများသာပြည့်နက်နေ၍ တစ်ခါတလေ အစားစားချိန်ပင်မေ့နေတတ်လေသည်။ laptop ပေါ်တွင်ပြေးလွှားနေသောလက်များကို ရပ်တန့်လိုက်၍ အာရုံစူးစိုက်ထားသဖြင့် ထုံကျင်နေသော မျက်ရိုးတစ်လျှောက်ကိုလက်ဖြင့်အသာအယာဖိချေလိုက်သည်။
နံရံပေါ်က တဂျတ်ဂျတ်မြည်နေသော တိုက်ကပ်နာရီလက်တံကိုကြည့်လိုက်သောအခါ ညတစ်ဆယ့်နှစ်နာရီကျော်ကျော်ပင်ရှိနေပြီဖြစ်၏။ ပြင်ပပတ်ဝန်းကျင်ကို သတိထားမိကာမှ တိတ်ဆိတ်ငြိမ်သက်နေပြီမို့အိပ်ရာဝင်ရန်ပြင်ရတော့လေသည်။
ထိုစဥ်...........။ ဒေါက် ဒေါက်ဒေါက်။အခန်းတံခါးခေါက်သံကြောင့် ဆိုင်းမွန်လုပ်လက်စအလုပ်ကို လက်စသတ်နေရာမှ တံခါးသွားဖွင့်ပေးလိုက်သည်။ ပုံမှန်ဒီအချိန်ဆို ဘယ်သူမှမလာတတ်သလို တစ်ခါမှလည်း သည်လိုမဖြစ်ဘူးလေ။ တံခါးဖွင့်လိုက်သောအခါ ညအိပ်ဝတ်စုံနက်ပြာရောင်ဖြင့် ပူပန်စိုးရိမ်နေပုံပေါက်သော လူပိုင်ဟိန်း။ ဟိုတစ်ခါ စကားများပြီးကတည်းက နှစ်ယောက်သားမျက်နှာချင်းမဆိုင်မိသည်မှာ နှစ်ပတ်ကျော်မျှရှိနေပြီဖြစ်၏။
"Adam အဖျားတွေတက်နေတယ် ခဏလာကြည့်ပေးအုံး "
လူပိုင်ဟိန်းအပြောကြောင့် နောင့်ဆိုင်းမွန်အနည်းငယ်မျက်ခုံးပင့်တတ်သွား၏။ တစ်ခါမှအကူအညီမတောင်းဖူးသူက အခုတော့သူမဟုတ်သည့်အတိုင်းပေ။
ဆိုင်းမွန်လည်းအခန်းထဲမှအနွေးထည်ကိုခပ်သွက်သွက်ယူ၍ အိမ်အပေါ်ထပ်ကိုပြေးတတ်လာခဲ့သည်။
အိပ်ရာပေါ်တွင် ကလေးကမျက်လုံးတောင်မဖွင့်နိုင်တော့သည်အထိ အဖျားတက်ကာ ညည်းနေ၏။ နဖူးကိုစမ်းကြည့်သောအခါ ခြစ်ခြစ်တောက်ပူနေသောကိုယ်အပူချိန်ကြောင့်"ဘာဆေးတိုက်ထားလဲ အဖျားကတော်ရုံတော့ကျမှာမဟုတ်ဘူး ရေပတ်တိုက်ပေးမှထင်တယ်"
ဆိုင်းမွန်အပြောကို လူပိုင်ဟိန်းကခေါင်းညိမ့်ပြ၍ လက်မှကိုင်ထားသောဖုန်းကိုလည်း တစ်နေရာဆီသို့ခေါ်ဆိုနေလေသည်။
JE LEEST
So Why Not Me? (Ongoing)
RomantiekMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။