(Unicode)
"ဒီတစ်ခါအတည်မေးမယ်နော် "
"အွန်း........အတည်ဖြေတော့မယ် "
"ပိုင်ကြီးက ဆိုင်းမွန်နဲ့ မိုးထက်မြင့်ဘယ်သူ့ကိုပိုချစ်လဲ "
မျက်ဝန်းလေးများရွှန်းလဲ့တောက်ပနေသော ကလေးငယ်သုံးယောက်က တစ်တန်းတည်းထိုင်နေ၍ အရှေ့မှ ဆိုင်းမွန်အမ၏ အမေးကိုနားစွင့်နေကြသည်။ ကျောင်းပိတ်ရက်ဖြစ်၍ အိမ်၌လာဆော့ကြသော လူပိုင်ဟိန်းနှင့် မိုးထက်မြင့်ကို ပုံပြင်ပြောပြနေရင်း အကြောင်းအရာစပ်မိကာ မေးလိုက်ခြင်းဖြစ်၏။
ဆိုင်းမွန်၏အမေးကိုကြားသည်နှင့် လူပိုင်ဟိန်းကလက်ညိုးတထိုးထိုးဖြင့် စဥ်းစားဟန်ပြုကာ"မိုးထက်မြင့်"
ထိုအခါ ကျောင်းနေအရွယ်မိုးထက်မြင့်က ပြုံးစိစိလေးဖြစ်သွားကာ ကျေနပ်သွားဟန်ပင်။
လက်ခုပ်လက်ဝါးတီး၍ ပိန်ရှည်နေသောကိုယ်လုံးကိုပင်ဝေ့ယမ်းပစ်လိုက်၏။ ဘေးမှလူကောင်အသေးဆုံးဖြစ်သော နောင့်ဆိုင်းမွန်က ပိုင်ကြီးကိုအီလည်လည်ဖြင့်စိုက်ကြည့်၍ ဝမ်းနည်းသွားဟန်ပင်။"အစောက ငါက နင့်ကိုအချစ်ဆုံးလို့ဖြေခဲ့တယ်လေ နင်က ဘာလို့ငါမဟုတ်ရတာလဲ "
ခပ်လေးလေးအသံလေးဖြင့်ပုခုံးတစ်ဖက်ကိုဖျက်ခနဲပိတ်ရိုက်၍ ဖြေရှင်းချက်တောင်းခံနေသည်။ လူပိုင်ဟိန်းလည်း ဆိုင်းမွန်ကိုတစ်လှည့်၊မိုးထက်မြင့်ကိုတစ်လှည့်ကြည့်၍ အရှေ့တွင်ရှိသော ဆိုင်းမွန်အမကို
"မေမေက မေမေကအသက်ကြီးတဲ့သူကို ပိုဂရုစိုက်ရမယ်တဲ့ အာ့ကြောင့် အိမ်မှာသားက ဖေဖေ့ကိုအချစ်ဆုံး "
လူပိုင်ဟိန်းက အိမ်တွင်ကျန်းမားရေးမကောင်းသောအဖေကို သူဂရုစိုက်ရမည်။ချစ်ရမည်ဟုသူ့အမေက မှာထားသည်ကို မှတ်ထားပုံရသည်။ထို့ကြောင့် သူတို့သုံးယောက်ထဲတွင်အသက်ကြီးဆုံးဖြစ်၍ နည်းနည်းချူချာလွယ်သော မိုးထက်မြင့်ကို အချစ်ဆုံးဟုသတ်မှတ်ထားလေသည်။
ထိုစကားကိုကြားသည်နှင့် ဆိုင်းမွန်က"သား အသက်ကြီးအောင်ဘယ်လိုလုပ်ရမလဲ "
မျက်နှာငယ်လေးဖြင့်မေးလာသော နောင့်ဆိုင်းမွန်ကို သူ့အမက ခေါင်းလေးကိုပွတ်သပ်ပေး၍ နှစ်သိမ့်ပေးလိုက်ကာ
KAMU SEDANG MEMBACA
So Why Not Me? (Ongoing)
RomansaMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။