Part-24

1.1K 60 23
                                    

Unicode


Adam ညနေစောင်းအိမ်သို့ပြန်လာသောအခါ အိမ်ရှေ့ကားစင်ဝင်အောက်တွင် လူပိုင်ဟိန်းကားကိုတွေ့လိုက်ရသည်။
ကျူရှင်ချိန်အပြီးငါးနာရီထိုးကို Adamတစ်ယောက်အေးအေးလူလူလမ်းလျှောက်နေသဖြင့်နာရီဝက်မျှတောင်ကြာသွားမိသည်။ အိမ်ထဲသို့ဝင်လိုက်သောအခါ မနေ့ကခေါ်ထားသော ထမင်းချက်အဒေါ်ကြီးက ကဗျာကယာ ဖြင့် Kitchenထဲမှထွက်လာ၍

"သားလေး မင်းအဖေက ပြန်လာရင် စာကြည့်ခန်းမှာလာတွေ့ပါတဲ့ "

အဒေါ်ကြီးစကားကြောင့် Adam အနည်းငယ်ကြောက်စိတ်ဝင်သွား၏။ ဒီအတောအတွင်း သူအမှားလုပ်မိထားတာတွေ Daddyသိလျှင် သူ့ကို အသက်တောင်ချမ်းသာပေးမည့်အနေအထားမရှိနိုင်ပေ။ အိမ်ပေါ်ထပ်သို့တက်သွားလိုက်၍ လူပိုင်ဟိန်းစာကြည့်ခန်းတံခါးကို ခေါက်လိုက်မိသည်။ 'ဝင်ခဲ့'ဟူသော စကားကြောင့် ကျောပိုးအိတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ အခန်းထဲသို့ဝင်သွားလိုက်သည်။
ကုလားထိုင်တွင် ခြေချိတ်ထိုင်နေသော လူပိုင်ဟိန်းက အနားသို့လာရန်လက်ပြသောကြောင့် Adamတစ်ယောက်မဝံ့မရဲဖြင့်ခေါင်းကြီးငုံ့ကာ အနားသို့တိုးကပ်သွားသည်။

"ကျောင်းမှာစာတွေလိုက်နိုင်လား Adam နောက်လ examတွေစပြီမလား "

ဖြေးအေးစွာပြောလာသော Daddyစကားများက Adamကျောကို ဖြန်းခနဲဖြန်းခနဲမြည်အောင်ကြက်သီးထစေ၏။
ဒီလောက်ဆို သူကောင်းကောင်းသဘောပေါက်ပါပြီ။ Daddy အကုန်သိနေပြီဖြစ်မည်။

"ဟုတ် လိုက်နိုင်ပါတယ် "

"ငါ့ကို ဖုံးကွယ်ထားတာ ရှိလား "


"မရှိ မရှိပါဘူး "


လူပိုင်ဟိန်းစကားကို Adamကထစ်ငေါ့စွာပြောလာသောကြောင့် လူပိုင်ဟိန်းက တည်တင်းစွာဖြင့် Adamကိုမော့ကြည့်လာသည်။ Adamတစ်ယောက် လူပိုင်ဟိန်းနှင့်မျက်နှာချင်းပင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့နေမိသည်။ အဲကွန်းအခန်းထဲတွင် လက်များပင်ချွေးစေးပြန်နေသည်။ သူ့အပြစ်လုပ်ထားသူပီပီ။

"သေချာလား ။ ငါ့ကိုကြည့်ပြီးပြော "


"သေချာတယ် "

So Why Not Me? (Ongoing) Tempat cerita menjadi hidup. Temukan sekarang