Unicode
စကားသံများ၊အချင်းချင်းနှုတ်ဆက်သံများဖြင့်ဆူညံပနံသင့်နေသော စားသောက်ပွဲတစ်ခု။တစ်နည်းအားဖြင့် ကျောင်းနေသူငယ်ချင်းဟောင်းများမိတ်ဆုံစားပွဲတစ်ခု။
ထိုပွဲသို့ တစ်ခါမှမတက်ဖူးသော လူပိုင်ဟိန်းက မိုးထက်မြင့်နှင့်အတူ ရောက်လာသည်ကို ခပ်လှမ်းလှမ်းမှနေ၍ ဆိုင်းမွန်ထိုင်ကြည့်နေမိသည်။ မိုးထက်မြင့်များအတင်းဆွဲခေါ်၍ လိုက်လာသည်ဟန်တော့မပေါ်ပါ။ စိတ်ပါလက်ပါဖြင့်နှုတ်ဆက်နေသော သူငယ်ချင်းတစ်စုကို ဟန်ပါပါပြုံးပြနေပြန်သည်။ အမြဲလိုလို suitအနက်ရောင်သာဝတ်ဆင်တတ်သောသူက အခုတစ်ခါ ရှပ်အင်္ကျီရင်ဘက်ကို ကြယ်သီးတစ်လုံးဖြုတ်ထားပါသေးသည်။ တဖွဲဖွဲရောက်လာကြသော သူငယ်ချင်းများကြောင့် ခုံတန်းရှည်စားပွဲဝိုင်းတွင် လူပြည့်ခါနီးပါးဖြစ်သွားသည်။"ဆိုင်းမွန်က ချောလာလိုက်တာ လမ်းမှာတွေ့ရင်မှတ်မိမယ်မထင်ဘူး "
အတန်းထဲတွင် ကိုယ်နှင့်အကြောမတည့်သည့် ကောင်မလေးသုံးယောက်ဖွဲ့အုပ်စုထဲမှ တစ်ယောက်ဖြစ်သည်။
ထိုပြောသံကြားမှ လူပိုင်ဟိန်းက ကိုယ်ရှိနေမှန်းသတိထားမိသည်ထင်ပါသည်။ မျက်လုံးစိမ်းများဖြင့် ကိုယ့်ဘက်သို့ လှည့်ကြည့်လာတော့သည်။"မင်း အိမ်ထောင်လေးဘာလေးမပြုသေးဘူးလား "
ကိုယ့်ကိုရည်ရွယ်ပြီးပြောလာသော သူတစ်ယောက်ကြောင့် နောင့်ဆိုင်းမွန် ပါးမို့များညွှတ်တတ်သွားအောင်ပြုံးပြလိုက်ရင်း
"ငါ အိမ်ထောင်ပြုလိုက်တာ မင်းတို့မသိဘူးမလား "
"ဟာ......ဟျောင့် ဘယ်သူနဲ့လဲ တကယ်မသိဘူး "
ဆိုင်းမွန်အိမ်ထောင်ရေးက ဒီလောက်တောင်စိတ်ဝင်စားဖို့ကောင်းမှန်း ကိုယ့်ကိုကိုယ်တောင် မထင်မိတာအမှန်ပေ။
ခပ်ဟ ဟရယ်မောလိုက်ရင်း ဘာမထီအပြုံးဖြင့်ထိုသူ့ကို လှမ်းရှိုးလိုက်သည်။
မျက်နှာပျက်သွားသော လူပိုင်ဟိန်းကို ဆိုင်းမွန်အသေအချာစိုက်ကြည့်လိုက်ရင်း"အခုတော့ brokenဖြစ်သွားပါပြီ လွန်ခဲ့တဲ့လအနည်းငယ်ကပဲ "
နှမြောတသဖြစ်သွားသည်နှင့်တူပါသည်။ အားလုံးက ဟာခနဲပင်။
ရေကရားထဲမှ ရေကိုအလျင်အမြန်ငှဲ့ထည့်ကာ တစ်ကျိုက်မော့သောက်လိုက်သော သူအကြောင်းကို ဆိုင်းမွန်ကောင်းကောင်းသိပါသည်။ ဒေါသထွက်နေမှာအမှန်ပင်။
![](https://img.wattpad.com/cover/287841051-288-k826558.jpg)
KAMU SEDANG MEMBACA
So Why Not Me? (Ongoing)
RomansaMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။