(Unicode)
အလွှာအထပ်ပေါင်းမြောက်မြားစွာရှိသောအဆောက်အဦးထဲတွင် တစ်ခုသောအထပ်အတွင်း၌ လူနှစ်ယောက်အလုပ်ရှုပ်နေသည်။ suitဝတ်စုံအပြည့်ဖြင့်အဲကွန်းအောက်တွင်ချွေးပျံနေသော လူပိုင်ဟိန်းကို မိုးထက်မြင့် ခြေချိတ်ထိုင်ကာ စိုက်ကြည့်နေ၏။ ဖုန်းတစ်လုံးဖြင့်နားမှမခွာနိုင်အောင် သူ့အတွက်စီမံကွပ်ကဲမှုကိုအရေးစိုက်နေ၏။
Brandအသစ်မိတ်ဆက်ပွဲဖြစ်၍ အဆင်ပြေချောမွေ့ပြီးစီးအောင်ဆောင်ရွက်ရန်လုပ်ဆောင်နေရသဖြင့် လူပိုင်ဟိန်းတစ်ယောက်မနက်ကတည်းက အခုထိမနားရသေးပါ။"လူပိုင် မင်းအဆင်ပြေသွားလိမ့်မယ် အသေးစိတ်ကအစ လိုက်ပြောနေစရာမလိုဘူး "
"အင်း ငါသိတယ် မင်းချိတ်ပေးထားတဲ့ မော်ဒယ်လ်ရောက်နေပြီလား "
"ရောက်နေပြီ "
ပြောပြီးချင်းထထွက်သွားသော လူပိုင်ဟိန်းကြောင့် မိုးထက်မြင့်သူ့အနောက်သို့ ထလိုက်ရပြန်သည်။ အလုပ်ကိုစေ့စပ်သေချာစွာလုပ်တတ်သောလူပိုင်ဟိန်းက ဘယ်တော့မှအမှားမခံတတ်ပေ။
နောင့်ဆိုင်းမွန်ချိန်းဆိုထားသောဟိုတယ်သို့ ရောက်သောအခါ အသင့်ရောက်နေပြီဖြစ်သော မော်ဒယ်လ်မလေးကြောင့် ရောက်ရောက်ချင်းမိတ်ကပ်ပြင်ဆင်ပေးနေမိသည်။ တခြားအလုပ်လုပ်နေသော staffတွေ၏ပြောသံအရ (WM group)ဟုဆိုသောကြောင့် နောင့်ဆိုင်းမွန်ခေါင်းကျိမ်းသွား၏။ လူပိုင်ဟိန်းများဖြစ်နေမလားဟုထင်မိသော်လည်း ဒီအတောအတွင်းသူအလုပ်ရှုပ်နေဟန်မတူပေ။
မသက်ာဖြစ်လာသည်နှင့်အတူ"ညီမလေး ဒီbrand က ဘယ်ထုတ်လုပ်ရေးကလဲ "
"WM group လေ အကိုဆိုင်းမွန်ရဲ့ တခြားမော်ဒယ်တွေပါငှားထားတယ်ပြောတယ် ညီမတောင်အကိုတစ်ယောက်နဲ့ရင်းနှီးလို့လာကမ်းလှမ်းခံရတာ "
"အော်......."
တစ်ခွန်းသာပြော၍ မျက်နှာပျက်သွားသော နောင့်ဆိုင်းမွန်ကို maskတပ်ထားသောကြောင့်မည်သူမှမသိလိုက်ပါ။
တံခါးဖွင့်သံကြား၍ CEOလာသည်ဟူသော စကားအဆုံးတွင် မော်ဒယ်လ်မလေးအား foundation ညှိပေးနေသော လက်များတွန့်သွားရသည်။ မမှတ်မိနိုင်ပါဘူးဟူ၍ မသိချင်ယောင်ဆောင်နေသော်လည်း လူပိုင်ဟိန်းက ထိုမော်ဒယ်လ်မလေးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်လာနေတော့သည်။ အနောက်တွင် တွဲမမြင်ချင်သော မိုးထက်မြင့်ကိုပါ တွေ့လိုက်ရသဖြင့် နောင့်ဆိုင်းမွန် brush ကိုင်ထားသောလက်များတင်းကြပ်သွား၏။

VOCÊ ESTÁ LENDO
So Why Not Me? (Ongoing)
RomanceMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။