Part-8

630 45 6
                                    

(Unicode )


မီးရောင်များပြိုးပြိုးပြက်ပြက်ဖြင့် မျက်စိစူးနှောက်ဖွယ်ကောင်းအောင်လူအများကခုန်နေသော dancing floor ကိုကြည့်၍ နောင့်ဆိုင်းမွန်အရက်ခွက်ကိုတရှိုက်မတ်မတ်သောက်သုံးလိုက်၏။ ဘာအရည်မှရောစပ်ခြင်းမပြုထားသောထိုအရက်က လည်ချောင်းတစ်လျှောက်ကို ပြင်းရှပူလောင်စွာနိမ့်ဆင်းသွားသောကြောင့် မျက်စိနှစ်လုံးကိုစုံမှိတ်ကာ မျိုချလိုက်ရသည်။ သူလိုလူက ဒီလိုအပြင်းစားအရက်မပြောနှင့်။ သာမန်သောက်နေကျအရည်မျိုးကိုပင်သိပ်သောက်သည့်သူမဟုတ်ပေ။

အပေါ်အောက်အနက်ရောင်ကိုစမတ်ကျစွာဝတ်ဆင်ထားသောကြောင့် မိန်းမပျိုလေးများက အနားသို့ကပ်ရန်အကြောင်းဖန်နေသော်လည်း တည်တင်းနေကာ အရှေ့ဘက်စားပွဲဝိုင်းကိုသာ တစ်စိုက်စိုက်မတ်မတ်ကြည့်နေသော နောင့်ဆိုင်းမွန်ကြောင့် ဘယ်သူ့မှအနားမကပ်ရဲပေ။
အရက်ခွက်ကိုမော့သောက်လိုက်တိုင်း ယောကျ်ားဆန်ဆန်နိမ့်ချည်မြင့်ချည်လှုပ်ရှားသွားသော adam's appleလေးက အကြည့်မလွဲနိုင်စရာကောင်းလှ၏။
အမှောင်ရိပ်ဘက်ခြမ်းတွင်ထိုင်နေသောကြောင့် သိပ်သတိမထားမိသော်လည်း မိမိအရှေ့မှ လူသုံးယောက်ကိုလာချောင်းခြင်းမျိုးလည်း မဟုတ်ပါ။

ကိုယ့်မြင်ကွင်းရှေ့တည့်တည့် သူတို့ပေါ်လာခဲ့တာ။
လူပိုင်ဟိန်းနှင့် ဇာလီဝင်းထိုက်တို့ နမ်းရှုံ့နေသည်ကို ဘေးမှမိုးထက်မြင့်က မသိချင်ယောင်ဆောင်ကာ မိန်းမတစ်ယောက်ကိုပေါင်ပေါ်တင်၍ ဉာဏ်များနေခဲ့သည်။
အရက်ခွက်ကိုကျစ်ကျစ်ပါအောင်ကိုင်မြှောက်ထားရင်း လက်များတုန်ရီနေသော်လည်း နောင့်ဆိုင်းမွန်အသိစိတ်ကပ်စွာပင် ထိန်းချုပ်ထားနိုင်ခဲ့သည်။
မိုးထက်မြင့်က စိုက်ကြည့်နေသည်ကိုသတိထားမိသည်ထင် ဆိုင်းမွန်တစ်ယောက်တည်းရှိရာဝိုင်းသို့ လာမည့်အလုပ် ပုခုံးပေါ်သို့ အမည်မသိလက်တစ်စုံကျလာသဖြင့် လေးပင်နေသောမျက်ဝန်းတစ်စုံကို အားယူ၍မော့ကြည့်လိုက်ရာ

ရင်ဘတ်ကြယ်သီးတစ်လုံးကိုဟလျက်ဝတ်ဆင်ထားသော ဦးတေဇအောင်။
ဘေးတွင်လေဒီတစ်ယောက်နှင့်။

So Why Not Me? (Ongoing) حيث تعيش القصص. اكتشف الآن