(Unicode)
အိမ်ရှေ့ကားစင်ဝင်အောက်တွင် ကားရပ်လိုက်ပြီး ခြံတံခါးပိတ်ရန်သွားနေစဥ် လူပိုင်ဟိန်းကားက အရှိန်ဖြင့်ပြေးဝင်လာတော့သည်။ နောင့်ဆိုင်းမွန် ရုတ်တရက်ဖြစ်၍ လန့်သွားသော်လည်း လူပိုင်ဟိန်းကဂရုမစိုက်ပေ။
ဆိုင်းမွန်ကားထဲမှအခုအထိမထွက်လာသေးသော Adamကို အကြမ်းပတမ်းဆွဲထုတ်လာသည်။
Adamလည်း လူပိုင်ဟိန်း၏ဆွဲခေါ်မှုကို ကြောက်ကြောက်လန့်လန့်ဖြင့်လိုက်သွားရာ ကားဂိုထောင်ဆီသို့။Adamတစ်ယောက် သူ့ကိုဘာလုပ်တော့မည်ကို ကြိုတင်သိနေသောကြောင့်အတင်းကြောက်ကန်ငြင်းတော့၏။
"Daddy မလုပ်ပါနဲ့! ! "
................
"ဟင့်အင်း မလိုက်ဘူး ဟင့် Daddy"
"မလိုက်ဘူး ဆိုင်းမွန်!!"
ဆိုင်းမွန်လည်း အိမ်အနောက်ဖက်သို့အမြန်ပြေးလာ၍ လူပိုင်ဟိန်းကိုတားရန်ကြိုးစားသော်လည်း အချိန်မမှီပေ။
Adam၏ အော်ဟစ်သံတို့က ဆူညံနေလျက်။
လူပိုင်ဟိန်းက စကားတစ်ခွန်းမျှမဆိုဘဲ Adamကို မှောင်မဲမဲအခန်းထဲသို့ ဆောင့်တွန်း၍ အခန်းတံခါးပိတ်ပစ်လိုက်သည်။ လူပိုင်ဟိန်း သိတာပေါ့။ Adamအကြောက်ဆုံးအရာက အမှောင်ခန်းတွေဆိုတာ။"ဖွင့်ပေး Daddy တံခါးဖွင့်ပေး သားသွားပါ့မယ် မထားခဲ့ပါနဲ့!!"
"Daddy "
သံတံခါးပိတ်ကိုတဒုန်းဒုန်းထုရိုက်၍ အထဲကဖွင့်ခိုင်းနေသော Adamကို အပြင်မှ လက်ပိုက်၍ ရပ်ကြည့်နေခဲ့သည်။
Adamကို သြဇီသို့သွားရန်ငြင်းဆန်ခြင်းကြောင့်မဟုတ်ဘဲ နောင့်ဆိုင်းမွန်အနောက်သို့လိုက်သွားသောကြောင့် သည်လိုအပြစ်ပေးတယ်ဆိုတာ မသိလေရော့လား။"ပိုင်ကြီး မင်းဘာလုပ်တာလဲ ကလေးကို သော့ပေးငါ့ကို ။ သူ့မှာအပြစ်မရှိဘူး ကလေးကိုငါခေါ်လာခဲ့တာ "
"မင်းဘာလို့ခေါ်သွားတာလဲ "
အေးစက်စက်မျက်နှာသေနှင့်ပြောလာသော စကားကြောင့် နောင့်ဆိုင်းမွန် ဒေါသထွက်မိသည်။ ဝဲကျနေသောဆံပင်ကိုတစ်ချက်သပ်တင်လိုက်၍ လူပိုင်ဟိန်းကို အကြည့်စူးစူးတစ်ချက်ပို့လွှတ်ကာ
YOU ARE READING
So Why Not Me? (Ongoing)
RomanceMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။