Part-12

641 39 3
                                        

(Unicode)

တိတ်ဆိတ်နေသော အိမ်အောက်ထပ်တွင် လူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ငြိမ်သက်နေသလို ဖြစ်လာမည့်ပြသာနာအတွက်ကြိုတင်ပြင်ဆင်နေပုံရသည်။
ဆိုဖာပေါ်တွင် ဂရုမစိုက်ဟန်ဖြင့် ဖုန်းသုံးနေသော နောင့်ဆိုင်းမွန်ကို လူပိုင်ဟိန်းက စကားပြောရန် ဆိုလာသော​ကြောင့် မျက်နှာချင်းဆိုင်နေမိသည်။

"ပြောစရာဆိုတာ?"

အချိန်အတော်ကြာသည်အထိမပြောဘဲ ဖုန်းသုံးနေသော နောင့်ဆိုင်းမွန်ကို စိုက်ကြည့်နေသောကြောင့် ဆိုင်းမွန်ဘက်မှ စလမ်းကြောင်းပေးလိုက်သည်။
ထိုအခါ သက်ပြင်းညင်းညင်းချ၍ အပြာရောင် fileတွဲထဲမှ စာရွက်တစ်စုံကို ထုတ်လာ၏။


"ကွာရှင်းရအောင် "


ဖုန်းအသုံးပြုနေသောလက်များ ရပ်တန့်သွားလျက်။ နောင်ဆိုင်းမွန်အထိတ်တလန့်စွာပင် စာရွက်ပေါ်မှအကြောင်းအရာကို ဖတ်မိတော့ ကွာရှင်းစာချုပ်ဖြစ်နေသည်။
ဦးလူပိုင်ဟိန်းနေရာတွင် လူပိုင်ဟိန်းလက်မှတ်က အထင်းသား။



" ပိုင်ကြီး မင်း.......မင်းက ဘာသဘောနဲ့ "




"မြင်တဲ့အတိုင်းပဲ "



လူပိုင်ဟိန်းက ဆိုင်းမွန်အရှေ့မှ ထထွက်သွားရန်ပြင်လိုက်၏။
တစ်ဆက်တည်းမှာပင် နောင်ဆိုင်းမွန်ကလည်း သူမထင်မှတ်ထားသည့်အရာကြောင့် အကြီးကြီးရှော့ရသွားပုံပင်။
ဖြစ်ပျက်သွားသောမျက်နှာအမူအရာကအစ ထိန်းမရတော့ပေ။



"မင်းထင်သလိုဖြစ်လာမယ်ထင်နေလား အဟက်..............ငါမကွာပေးဘူး "


ချက်ချင်းပင်စာချုပ်ကိုဖြဲလိုက်၍ လူပိုင်ဟိန်းကိုကြည့်လိုက်သောအခါ လူပိုင်ဟိန်းက တည်ငြိမ်စွာပင် fileထဲမှ စာချုပ်နှစ်စုံဆွဲထုတ်၍ စားပွဲပေါ်ပစ်တင်ပေးလာ၏။
နောင့်ဆိုင်းမွန် အံ့သြစွာဖြင့်



"ဘာကြောင့်လဲပြော........... ချက်ချင်းကြီးဘာလို့လဲ!!"


လိမ့်ကျတော့မည့်ဆဲဆဲမျက်ရည်ကို နောင့်ဆိုင်းမွန်က ဖြတ်ခနဲသုတ်လိုက်ရင် စိတ်တိုလာသောကြောင့် နှာခေါင်းထိပ်လေးများပင်နီရဲနေသည်။
ထုတ်ပေးလာသော စာချုပ်များကို ဆောက်တည်ရာမရဖြဲစုတ်၍ လူပိုင်ဟိန်းအက်ျီကော်လံကို ဆွဲကိုင်ကာ ဆိုလာ၏။

So Why Not Me? (Ongoing) Où les histoires vivent. Découvrez maintenant