Part-13

594 44 4
                                    

Unicode

လူပိုင်ဟိန်းမနက်အစောပိုင်းပြန်ရောက်၍ ကုမ္ပဏီအစည်းအဝေးရှိသဖြင့် စောစောသွားရန်ပြင်ဆင်လိုက်သည်။ ညက ညဥ့်နက်မှ အိပ်ခဲ့ရသည့်အတွက် စိတ်ထဲ သိပ်ကြည်လင်ပုံမရပေ။
နက်ပြာရောင် suitကို သပ်ရပ်စွာဝတ်ဆင်၍ ငွေရောင်နာရီကို လက်ကောက်ဝတ်တွင် စနစ်တကျဝတ်ဆင်ရင်း အိမ်အောက်ထပ်သို့ ဆင်းလာသောအခါ လှေကားထောင့်နားရှိ နောင့်ဆိုင်းမွန်အခန်းရှေ့တွင် ရစ်သီရစ်သီလုပ်နေသော Adamကို တွေ့လိုက်ရသည်။ အမြဲတစေ တွန့်ချိုးနေသော မျက်ခုံးများက ပို၍ တွန့်ချိုးသွားကာ တည်တင်းနေသော မျက်နှာထားနှင့်။


"Adam ဘာလုပ်နေတာလဲ "



လူပိုင့်အသံကိုကြားမှ ကျောင်းကျောပိုးလွယ်အိတ်ကို ခပ်တင်းတင်းကိုင်၍ အရှေ့လျှောက်လိုက်အနောက်လျှောက်ဖြင့် အတွေးများနေသော Adamက ခြေလှမ်းရပ်တန့်သွားလျက်လူပိုင်ဟိန်းဆီသို့ လှမ်းလာခဲ့သည်။


" ဆိုင်းမွန် မနက်ကတည်းကထွက်မလာသေးဘူး Daddy "


အချိန်အားဖြင့် ရှစ်နာရီခွဲကိုးနာရီနီးပါးဖြစ်နေသောကြောင့် လူပိုင်ဟိန်းတစ်ချက်တွေဝေသွား၏။ ခရီးတွေဘာတွေသွားလျှင်တောင် Adamကိုပြောသွားသည်မို့ ဆိုင်းမွန်ဘာဖြစ်နေမှန်းမသိပေ။
တံခါးခေါက်ကာ ခေါ်ကြည့်သော်လည်း ပြန်ကြားသံမလာ၍ မနေ့ညက အခြေအနေကြောင့်များလားဟု အတွေးခပ်ကြောင်ကြောင်တွေ တစ်သီတစ်တန်းဝင်ရောက်လာသည်။


"ဆိုင်းမွန် နောင့်ဆိုင့်မွန်း!! အထဲမှာရှိလား........ ငါတံခါးဖွင့်ဝင်လာမှာနော် "


စိုးရိမ်မှုအနည်းအငယ်ကပ်ပါလာသောကြောင့် လူပိုင်ဟိန်းခြေလှမ်းတွေက သွက်လက်စွာပင် အိမ်ပေါ်ထပ်မှ သော့ကိုအလျှင်အမြန်သွားယူလိုက်သည်။
ဘေးမှ Adamကတော့ ပြောစရာစကားမရှိပေ။
တံခါးသော့ဖွင့်သံ ချောက်ခနဲမြည်သွားသံ အဆုံးတွင် ပထမဆုံးမြင်ရသည်က ကုတင်ပေါ်တွင် လဲလျောင်းနေသော နောင့်ဆိုင်းမွန်က နဖူးထက် ချွေးငွေ့လေးများဝေ့သီနေ၏။
ဆံပင်ခပ်အုပ်အုပ်ဖြစ်နေသော နဖူးကို လူပိုင်ဟိန်း လက်တင်၍ အပူချိန်စမ်းလိုက်သောအခါ နောင့်ဆိုင်းမွန်ဖျားနေသည်မှန်းသိလိုက်ပါသည်။ တဆိတ်.........သူသတိမထားမိချိန်အတောအတွင်း နောင့်ဆိုင်းမွန်ဆံပင်အရောင်တစ်မျိုးပြောင်းထားပြန်သည်။ ဝင်းမွတ်နေသောအသားအရည်ဖြင့်လိုက်ဖက်စွာ ခပ်မှိုင်းမှိုင်းမီးခိုးရောင်လေးဖြင့်။



So Why Not Me? (Ongoing) Où les histoires vivent. Découvrez maintenant