(Umicode)
တိတ်ဆိတ်ငြိမ်သက်နေသော coffee shopဆိုင်လေးထဲတွင် အနောက်တိုင်းသံစဥ်တီးလုံးလေးက ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် နားထောင်ကောင်းလှ၏။ အရှေ့ဘက်တွင်အလှပန်းဆိုင်းလေးများက ချိတ်ဆွဲထားသောကြောင့် ချစ်သူနှစ်ဦးလာလျှင်ရိုမန်တစ်ဖြစ်လိမ့်မည်ဟု ဆိုင်းမွန်အတွေးထဲ ရောက်တက်ရာရာတွေးလိုက်မိသည်။ နေ့လည်ပိုင်းချိန်းဆိုထားသော ကိစ္စတစ်ခုကြောင့် အစောရောက်နေသောခြင်းကြောင့်လည်း သည်လိုတွေးတောနေမိခြင်းက လူကိုစိတ်အပန်းဖြေစေခြင်းတစ်မျိုးပဲလေ။
ဆိုင်ခန်းထောင့်နားတွင်တော့ အစောကသူတွေးခဲ့သလိုဆယ်ကျော်သက်စုံတွဲတစ်တွဲက အေးဆေးစွာစကားပြောနေကြ၏။ သိပ်မကြာပါ။ တက်သစ်စမော်ဒယ်လ်ကောင်မလေးနှင့် သူ့မန်နေဂျာတို့ရောက်လာကြသည်။ ဆိုင်းမွန်ထိုင်နေရာမှ လက်ပြလိုက်သောအခါ နှစ်ယောက်သား နေရာသို့တန်းတန်းမတ်မတ်ရောက်လာသည်။
"စောင့်ရတာ ကြာသွားလား အားနာပါတယ် ကျွန်မတို့လမ်းမှာ ကားပိတ်မိနေလို့ပါ"
"ရပါတယ် ဒါတွေက ဖြစ်တတ်ပါတယ် လိုရင်းကိစ္စပဲပြောကြမလား "
နောင့်ဆိုင်းမွန်စကားကြောင့် မန်နေဂျာအစ်မက ဦးဆောင်စွာဖြင့်အလုပ်အပ်ရန် စကားကမ်းလှမ်းတော့သည်။
ကိုယ်ကိုယ်တိုင်အရှေ့ပွဲများကလည်း ယုံယုံကြည်ကြည်ပြင်ပေးခဲ့သည့်အတွက် အခုလည်း နာမည်ကြီးbrandမိတ်ဆက်ပွဲဖြစ်၍ တကူးတကတွေ့ဆုံပြောဆိုကြခြင်းဖြစ်၏။"ကျွန်မတို့ဘက်ကလည်း သေချာချင်လို့ အကို့ကိုဖိတ်ပြောရတာပါ ပွဲဖျက်လိုက်တာမျိုးလည်း မဖြစ်စေချင်လို့ပါ အဲ့ရက်လေးနာရီပိုင်းလောက်ပဲအချိန်ပေးလို့ဖြစ်လားရှင့်"
"ဟုတ်ကဲ့ ကျွန်တော် schedules ကြည့်ပြီးတစ်ချက်ပြန်ပြောပေးပါ့မယ် ဒီရက်ပိုင်းပွဲလက်ခံတာတွေများတော့ အချိန်ညှိကြည့်ပါ့မယ်ဗျ"
စကားပြောနေရင်းဖြင့် မျက်လုံးထဲ ဖျက်ခနဲဝင်လာသည်က လူပိုင်ဟိန်းနှင့်အမျိုးသမီးတစ်ယောက်ကို ဆိုင်ရှေ့မှ ဟိုတယ်ထဲဖျက်ဝင်သွားသည့် မြင်ကွင်းက ရိပ်ခနဲတိုးဝင်လာသည်။
လူပိုင်နှင့်ပတ်သက်လျှင် ဆတ်ဆတ်ထိမခံတတ်သောစိတ်ကလည်း ထိုင်နေရာမှဆက်ခနဲထရပ်မိမလိုဖြစ်၍ ကိုယ့်ဆန္ဒကိုချုပ်ထိန်းထားမိသည်။
အရင်လိုမရင့်ကျတ်ခဲ့တဲ့အချိန်ကာလများကဆို ဟိုတယ်အခန်းရှေ့ထိ လိုက်စောင့်၍ပြသာနာရှာမိမလားမသိပေ။
DU LIEST GERADE
So Why Not Me? (Ongoing)
RomantikMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။