Unicode
လူပိုင်ဟိန်း ညက နောက်ကျမှအိပ်သောကြောင့် ခေါင်းမကြည်မလင်ဖြင့်နိုးထလာ၏။ မနက်ခင်းနေရောင်ခြည်နုနုက ခန်းစီးလိုက်ကာအဖြူရောင်ကိုထိုးဖောက်လျက် မျက်နှာပေါ်သို့ကျရောက်လာသဖြင့် အိပ်ရာနိုးလာရခြင်းဖြစ်သည်။
ဘေးမှ နောင့်ဆိုင်းမွန်ကို ကြည့်လိုက်ရာ ကိုယ့်ဘက်သို့လှည့်၍ အိပ်မောကျနေတုန်းရှိပါသေးသည်။
အရင်နေ့များက နောက်ကျမှ ထသော ကိုယ်ကယနေ့မှစောနိုးနေသောကြောင့် ဆိုင်းမွန်အိပ်နေသည်ကိုမြင်ရခြင်းလည်းဖြစ်သည်။ မဟုတ်လျှင် သည်အချိန်ဆိုလျှင် ဆိုင်းမွန်ရေချိုးနေပြီဖြစ်၏။ဆံပင်အရောင်ဆိုးရတာနှစ်သက်သော ဆိုင်းမွန်က အရင်အရောင်မဟုတ်တော့ဘဲ တစ်မျိုးပြောင်းထားပြန်ပါသည်။ ခဲရောင်မှိုင်းမှိုင်းလေးကတစ်မျိုးကြည့်ကောင်းနေသည်။
မျက်နှာကိုထိန်းထိန်းသိမ်းသိမ်းပြုပြင်တတ်သော ယောင်္ကျားသားဖြစ်သောကြောင့် ဆိုင်းမွန်မျက်နှာက ဘာအစက်အပျောက်ဝက်ခြံရယ်ဟူ၍ မရှိပေ။ ဘာအမွှေးအမျှင်မှမရှိပကတိကြည်လင်နေ၏။ညကပြောထားသော စကားများကိုပြန်ကြားယောင်လာ၍ ကိုယ့်ကိုကိုယ် ဆိုင်းမွန်နှင့်ပတ်သက်၍ ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်ရမှာရှက်ရွံ့မိခြင်းဖြစ်သည်။
လူးလွန့်လာသော ဆိုင်းမွန်ကြောင့် လူပိုင်ဟိန်းအမြန်အိပ်ရာမှကောက်ထကာ ရေချိုးခန်းထဲဝင်လိုက်သည်။ အိပ်ရာထလာသော ဆိုင်းမွန်ကတော့ ရေချိုးနေသော လူပိုင်ဟိန်းကြောင့် အိပ်ရာထက်တွင်ဖုန်းကြည့်နေ၏။
အပြင်ဘက်လေသာဆောင်တွင် လေညင်းခံရန်ထွက်လာခဲ့သည်။ အိမ်ရှေ့လေသာဆောင်မှကြည့်လျှင် ပတ်ဝန်းကျင်တိုက်တာအဆောက်အအုံများကို ရှုခင်းကောင်းကောင်းမြင်ရလေသည်။
အခန်းထဲသို့ပြန်ဝင်၍ ရေချိုးခန်းဝင်ရန်ပြင်ကာမှ လူပိုင်ဟိန်းက မှန်ရှေ့တွင် Dryerမှုတ်နေ၏။
ဖြတ်လျှောက်ရန်ပြင်လိုက်ရာ"ငါခေါင်းထဲနှောက်နေလို့ လုပ်ပေးနိုင်မလား "
dryerကိုမြှောက်ပြ၍ ပြောလာသော လူပိုင်ဟိန်းကြောင့် ဆိုင်းမွန်မှန်ထဲမှ လူပိုင်ဟိန်းကိုစိုက်ကြည့်လာသည်။
မသိချင်ယောင်ဆောင်၍ ကျော်သွားရန်ပြင်လိုက်ရာ လက်တစ်ဖက်ကို ဆွဲလာ၍
ВЫ ЧИТАЕТЕ
So Why Not Me? (Ongoing)
Любовные романыMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။