Part-3

713 54 0
                                        

(Unicode)

စာမေးပွဲများအပြီးနွေရာသီအားလပ်ရက်ပိတ်ပြီးသည့်အချိန်တွင် နောင့်ဆိုင်းမွန်တို့သူငယ်ချင်းအုပ်စု ဟိုသွားသည်သွားဖြင့်ပျော်ပါးနေသလောက် လူပိုင်ဟိန်းကတော့ သူ့အဖေ company အပိုင် (WM products ထုတ်လုပ်ရေး)တွင် ဝင်ရောက်လေ့လာနေပြီဖြစ်၏။ တစ်ခါတလေ ပါးစပ်အားပေါက်မတက်ခေါ်သောအခါများတွင် သူတို့သွားရာအနောက်သို့လိုက်ပေးတတ်သည်။
ထို့နေ့များတွင်တော့ ဆိုင်းမွန်အတွက်အပျော်ဆုံးပင်။ လူပိုင်ဟိန်းကို အချိန်အကြာကြီးတွေ့ရသောကြောင့်။

နေဝင်ချိန်အိမ်ပြန်သောနေ့တစ်နေ့။
ဆိုင်းမွန်ကို ဟန်နေးကအိမ်ပြန်လိုက်ပို့ချိန်တွင်

"အောင်စာရင်းထွက်ပြီးသွားရင် ဘာတက်မယ်စိတ်ကူးထားတုန်း "


ဆိုင်းမွန်၏စကားကြောင့် စောဟန်နေးလည်း ကားကိုဂရုတစိုက်မောင်း၍


"ငါတို့သူငယ်ချင်းတွေ စီးပွားရေးပဲအကုန်တက်ကြမှာပေါ့ "


"ဒါဆိုငါတစ်ယောက်တည်း ကွဲထွက်နေမှာထင်တယ် "

တွေးစစဖြင့်ပြောသောဆိုင်းမွန်စကားကြောင့် ဟန်နေးက အံ့သြ သလိုကြည့်လာ၏။ လူပိုင်ဟိန်းတောင်စီးပွားရေးပဲတက်မှာဟုပြောထားသေးတာပဲ ဆိုင်းမွန်ကဘာကြောင့် သည်လိုပြောရတာလဲ သူနားမလည်နိုင်ပေ။


"ငါ အဝေးသင်တက်ပြီး ငါဝါသနာပါတဲ့လမ်းကြောင်းပေါ်ရောက်အောင်သွားမယ်စိတ်ကူးထားတယ် "

နောင့်ဆိုင်းမွန်အပြောကို စောဟန်နေးက နားလည်သလိုခေါင်းညိမ့်ပြလိုက်၏။ထိုအရာ​အတွက်သေချာသလောက်ရှိနေသော ပိုင်ကြီးနှင့်ဆိုင်းမွန်ဆက်ဆံရေးတွင် အက်ကွဲကြောင်းထင်ဟပ်သွားစေသည်လားမသိ။ 
ဆယ်တန်းအောင်စာရင်းထွက်ပြီးသည့်အချိန်တွင် ဆိုင်ရာတက္ကသိုလ်ဝင်တန်းဖောင်ဖြည့်ရန်အတွက် သူငယ်ချင်းများစုနေကျဖြစ်သော မိုးထက်မြင့်တို့အိမ်တွင်အားလုံးစုလိုက်ကြသည်။ ထိုနေ့က သင်တန်းနောက်ကျနေသည့်အတွက် ဆိုင်းမွန်ကတော်တော်နှင့်မရောက်လာသေးပေ။


So Why Not Me? (Ongoing) Where stories live. Discover now