Part-2
လွန်ခဲ့သောအတိတ်နေ့များဆီသို့..............။
"ဟန်နေး ဒီနေ့မှပိုင်ကြီးကဘာလို့နောက်ကျနေတာလဲ မိုးထက်မြင့်များငါ့ကိုညာပြောတာလား "
လက်မှနာရီကိုတကြည့်ကြည့်ဖြင့်နောင့်ဆိုင်းမွန်ကျောင်းပေါက်ဝကိုလည်း တမျှော်မျှော်ကြည့်နေပြန်သည်။ လက်ထဲတွင် လူပိုင်ဟိန်းသောက်ရန်ကော်ဖီအေးဘူးကိုကိုင်ထားသေးသည်။
ငယ်ငယ်ထဲကသူငယ်ချင်းတွေဖြစ်ကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက်စိတ်ရှည်သည်းခံကြသော်လည်း သူတို့သူငယ်ချင်းတွေထဲတွင် ပိုင်ကြီးနှင့်ဆိုင်းမွန်က အမြဲမတည့်ပေ။ ဆိုင်းမွန်က ပိုင်ကြီးကိုတောက်တဲ့တစ်ကောင်လို တွယ်ကပ်နေသောကြောင့် ပိုင်ကြီးက စိတ်ပျက်သည်လည်း ဖြစ်နိုင်၏။ အခုလည်း မနက်ခင်းတိုင်း ပေးနေကျကော်ဖီအေးဘူးလေးက ရေခဲများဝေ့သီကာအအေးဓာတ်လျော့နည်းလာပြီ။ လူပိုင်ဟိန်းကမရောက်သေးပေ။"လာမှာပါ ညကစာကျတ်တာများပြီးအိပ်ရာထနောက်ကျတာဖြစ်မယ် "
"အင်းနော် စာတွေဒီလောက်တော်နေတာ အဲ့လောက်လုပ်စရာမလိုပါဘူးဟာ ပိုကိုပိုတယ် "
အလိုမကျစွာရေရွှတ်၍ ကျောင်းပေါက်ဝအရှေ့လမ်းကိုကြည့်လိုက်သောအခါ ပိုင်ကြီးအိမ်ကကားရောက်လာလေသည်။ ဝမ်းသာစွာခုန်ပေါက်၍ အပြေးသွားရန်ပြင်ကာမှ ကျောင်းတံခါးက ဂျိမ်းခနဲမြည်အောင်ပိတ်ပစ်လိုက်သဖြင့် ဆိုင်းမွန်လန့်သွားသည်။
နိုင်ငံတော်သီချင်းဆိုမမီသည့်ကလေးများကို တီချယ်ကြီးက အလေးပြုပြီးလျှင်တခုခုအပြစ်ပေးတတ်သဖြင့် ပိုင်ကြီးများအပြစ်ပေးခံရတော့မလားဟု စိုးရိမ်ရပြန်သည်။
"ဒုက္ခပာပဲ ဟန်နေးရေ တီချယ်ကြီးကျောင်းချိန်မမှီလို့ အပြစ်ပေးမှာလားပဲ ပိုင်ကြီးပါတော့မှာ သူကလည်း ဒီနေ့မှဘာလို့နောက်ကျရတာပါလိမ့်"
"သိချင်မေးလိုက်တော့ ငါနားညီးနေပြီ "
"စောဟန်နေး! !!"
နောင့်ဆိုင်းမွန်တစ်ယောက် စောဟန်နေးကိုအလိုမကျစွာဖြင့် မျက်စောင်းထိုးကာ ကျောင်းရှေ့ကိုသာ အာရုံပို့ထားလိုက်သည်။
မိုးထက်မြင့်ကအသင်းကျသည်မို့မလိုက်ပေးနိုင်တာကြောင့် ဟန်နေးကိုခေါ်လာခဲ့တာမှားတာပဲလေ။ သူ့ကိုဆို ပိုင်ကြီးလိုစိတ်မှမရှည်တာ။
ČTEŠ
So Why Not Me? (Ongoing)
RomanceMyanmar BL ဤfictionတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးပုံဖော်မှုဖြစ်သောကြောင့် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်စပ်မှုမရှိခဲ့လျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။