Part-20

679 33 8
                                        

(Unicode)

"ဘယ်ကပြန်လာတာလဲ "

Adamတစ်ယောက်ဧည့်ခန်းမကြီးကိုဖြတ်အလျှောက်တွင် ဧည့်ခန်းထဲတွင်အနားယူနေသော နောင့်ဆိုင်းမွန်က မေးလိုက်သောကြောင့် အပေါ်ထပ်သို့တက်ရန်ခြေလှမ်းများတန့်သွား၏။
ပုံမှန်အတိုင်းဆိုလျှင် Adamဘယ်သွားသွားဘာမှမပြောသော ဆိုင်းမွန်ကြောင့် Adamအခက်တွေ့သွားသည်။ သို့သော် Adamလည်းဘာမှမလုပ်ထားသောကြောင့်

"အကို အယ် ဆရာဆီသွားတာပါ"

"နေမကောင်းတာ အပြင်တွေလျှောက်မသွားနဲ့ "

ဟုတ်ကဲ့ ဟုတစ်ခွန်းတည်းဆိုကာအပေါ်သို့တက်သွားသော Adamကို နောင့်ဆိုင်းမွန်ကျောပြင်ကလေးပျောက်သွားသည်အထိကြည့်နေမိသည်။
ဒီကလေးစိတ်တွေဘယ်ရောက်နေမှန်း ဆိုင်းမွန်ရိပ်မှန်းမိသည်။ ဒါကိုများ လူပိုင်ဟိန်းက သူ့သားကိုဂရုစိုက်ပါသည်တဲ့လေ။ Adamအကြောင်းဘယ်လောက်တောင်များ သိနေလို့ပါလိမ့်။
အမှန်ဆိုနေ့လည်က ပြသာနာကြောင့် ဆိုင်းမွန်မကျေနပ်၍ လူပိုင်ဟိန်းကို ပြသာနာထပ်ရှာရန်ထိုင်စောင့်နေခြင်းဖြစ်သည်။ လူပိုင်ဟိန်းက တော်တော်နှင့်ပြန်မလာပေ။
စိတ်ကိုတစ်ထစ်လျှော့၍ Adamအတွက်ညနေစာပြင်ပေးရန် Kitchenဘက်သို့ဝင်သွားလိုက်သည်။
အိမ်နေရင်းဝတ်စုံလေးဖြင့် ဆင်းလာသောAdamအရှေ့သို့ ကြက်သားစွပ်ပြုတ်ပန်းကန်ချပေးလိုက်သော​အခါ မျက်နှာရှုံ့မဲ့သွားသော Adamက ကိုယ့်ကိုဘာမှခွန့်တုန့်မပြန်ဘဲ သေချာစားသောက်နေသည်။

ရုတ်တရက်ဖုန်းမြည်လာသံကြောင့် မည်သူမည်ဝါမှန်းမကြည့်မိ၍ ကိုင်မိလိုက်ရာ တစ်ဖက်မှ မမဖြစ်နေ၏။

"မေမေ ဘာဖြစ်လို့လဲ"

"ဘာ ကျွန်တော်အခုလာခဲ့မယ် "

ဆိုင်းမွန်အခန်းထဲသို့အလျင်အမြန်ပြေးဝင်၍ ပိုက်ဆံအိတ်နှင့်ကားသော့ယူကာ ပြေးထွက်သွားသည်။
Dinning roomထဲတွင် တစ်ယောက်တည်းကျန်နေခဲ့သော Adamက ကြောင်ကြည့်နေခဲ့သည်။

ပုဂ္ဂလိကဆေးရုံကြီး၏ သီးသန့်ခန်းထဲတွင် ကုတင်ပေါ်၌လဲလျောင်းနေသော နောင့်ဆိုင်းမွန်အမေကို တွေ့လိုက်ရ၍

So Why Not Me? (Ongoing) Où les histoires vivent. Découvrez maintenant