Part-18

756 43 7
                                    

(Unicode)

လူပိုင်ဟိန်းမေမေပြောသည့်အလှူသို့သွားရန် ရုံးပိတ်ရက်ဖြစ်သည့်စနေနေ့တည်းကကြိုသွားရန်ပြင်ရသည်။ Adamကတော့ ကလေးပီပီ ခရီးသွားရမည်ဖြစ်၍ တက်ကြွနေသော်လည်း လူပိုင်ဟိန်းနှင့်နောင့်ဆိုင်းမွန်က အင်တင်တင်ဖြင့်။
ဟိုတစ်ပတ်ပါတီပြီးထဲက စကားအခေါ်အပြောနည်းသွားသောကြောင့် နှစ်ယောက်လုံးက ခပ်တည်တည်ဖြင့် ရင်းနှီးဟန်ပင်မပြပေ။
သို့သော်လည်း ပိုင်ကြီးက သူ့ဘက်မှတာဝန်ဖြစ်သောကြောင့် ဆိုင်းမွန်ကိုစကားစလာ၏။

"မေမေတို့ဆီအရင်ဝင်မယ် လက်ဆောင်ထည့်ပေးလိုက်မဲ့ဟာတွေယူရမှာ "

ဆိုင်းမွန်အခန်းအပြင်ဘက်သို့ ခရီးဆောင်လွယ်အိတ်တစ်လုံးလွယ်ကာ အပြင်ထွက်လာသည်ကိုမြင်၍ လှမ်းမေးပုံရသည်။ အဆင်သင့်ဖြစ်နေသောလူပိုင်ဟိန်းက ဆိုဖာပေါ်တွင် ဖုန်းကြည့်နေ၏။ သူတို့နှစ်ယောက်လုံးပြင်ဆင်ပြီးသွားသော်လည်း မပြီးသေးသူမှာ Adamဖြစ်၏။ အိမ်အပေါ်အောက်ကို ဘယ်နှခေါက်မြောက်ရှိနေပြီမှန်းတောင်ရေတွက်မရပေ။ သွားမည့်ခရီးက တစ်ညအိပ်နှစ်ရက်သာသာကို ထည့်လာသည်က လွယ်အိတ်အပြည့်မို့မောက်နေသည်မို့..........ဆိုင်းမွန်က

"Adam ဆိုင်းမွန်တို့က မနက်ဖြန်ပြန်လာမှာ အဲ့လောက်ထည့်စရာမလိုပါဘူး "

"အဝတ်အစားတွေ........ပြီးတော့"

သူထည့်လာသည်ကိုစဥ်းစားနေသဖြင့် ဆိုင်းမွန်လည်း Adamလွယ်အိတ်ကိုဖွင့်၍ မလိုအပ်သောအဝတ်များကိုထားခဲ့ခိုင်းလိုက်သည်။
ဒေသအကူးအပြောင်းကြောင့် ဖျားနာတတ်၍ ဆိုင်းမွန်အခန်းထဲတွင် မနေ့ကမှဝယ်ခဲ့သော ဆေးထုပ်ကို မှတ်မှတ်ရရယူခဲ့သေးသည်။ မဟုတ်လျှင် Adamလို ချူချာပုံနှင့်မရပေ။
မနက်အစောနေ မပွင့်သေးသောကြောင့် အိမ်ရှေ့လမ်းတွင် လမ်းသွားလမ်းလာလူများပင်မတွေ့ရသေးပေ။
လူပိုင်ဟိန်းအပြောကြောင့် ဆိုင်းမွန်ကားနှင့်သာသွားမည်ဖြစ်၍ တစ်စီးတည်းအတူစီးရမည်ကို စိတ်လှုပ်ရှားနေ၏။
ကားပေါ်တွင် Adamက အနောက်ခုံကိုသွားထိုင်နေသောကြောင့် လူပိုင်ဟိန်းလည်း အနောက်တွင်ထိုင်မည်ဟု ဆိုင်းမွန်တွေးလိုက်သည်။ သို့သော်လည်း lover seatတွင် ခပ်တည်တည်ဝင်ထိုင်လာသဖြင့် ဆိုင်းမွန်တစ်ချက်လှည့်ကြည့်ကာ အရှေ့သို့သာအာရုံပို့ထားလိုက်သည်။

So Why Not Me? (Ongoing) Wo Geschichten leben. Entdecke jetzt