၂၁

909 39 4
                                    

ဆေးရုံကနေ ဆင်းလာရပေမယ့် ရက်ချိန်းအတိုင်း ပြန်လာပြရသည်။ ထက်ရှင်းလို follow-up လာပြသူတွေက ဆေးရုံ၏ ပြင်ပလူနာဌာနရှေ့တွင် အတန်းလိုက် စီလျက်။

ထက်ရှင်းအလှည့်ရောက်တော့ လူနာမှတ်တမ်းစာအုပ်နဲ့အတူ သက်ဆိုင်ရာဆရာဝန်ထံ အခြေအနေ ပြန်ပြရသည်။

"ဆရာမ.."

"အယ်... ထက်ရှင်းနိုင်... follow-up လာပြတာလား"

သူ့အလှည့်ပြီးတော့ သူ ဆေးကုသမှုခံယူခဲ့တဲ့ ခွဲစိတ်ကုသဆောင်ဘက်ကို လာခဲ့လိုက်သည်။ ဆေးရုံတက်နေစဉ် ရင်းနှီးခဲ့တဲ့ သူနာပြုဆရာမတစ်ဦးက ထက်ရှင်းကိုမြင်တော့ ဝမ်းသာအားရ ပြုံးပြသည်။

"ဟုတ်တယ် ဆရာမ၊ လာရင်း ဆရာမနဲ့များ တွေ့မလားလို့ ဒီဘက်ဝင်ခဲ့တာ"

"အယ်... အကြောင်းထူးတော့ ရှိမယ်ထင်တယ်"

ထက်ရှင်းက ဟီးခနဲ ရယ်ပြလိုက်ရင်း

"ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလား"

"ဘာများလဲ၊ ကူညီနိုင်တာဆို ကူညီမယ်လေ"

သဘောကောင်းသော ဆရာမလေးမှာ သူ၏ နားဆင်သူပရိသတ်တစ်ဦးလည်း ဖြစ်ပေသည်။

•••¤❅¤•••...❁...•••¤❅¤•••

Lecture room ထဲတွင် ထိုင်နေရပေမယ့် ပိပိစိတ်က စာထဲတွင်ရောက်မနေ။ သူ့ရှေ့ခုံတွင် ထိုင်ကာ စာလိုက်မှတ်နေကြသော မှုန်ကြီးနဲ့ဇရစ်အား မျက်စိဒေါက်ထောက် ကြည့်နေမိသည်။

အတန်းဆင်းတော့ ပစ္စည်းတွေသိမ်းကာ ထပြန်ဖို့ပြင်လိုက်သည့် သူငယ်ချင်း ၂ ယောက်အား နောက်ကနေ လည်ကုပ်ကိုဆွဲဖက်ကာ

"ဟေး... နေကြပါဦးဟ"

"ဘာလာကြောင်နေတာလဲ"

မှုန်ကြီးက ခပ်ဟောက်ဟောက်ပြောလိုက်တာကို ပိပိ မမှုသလို ပြုံးလိုက်သည်။ ကြည့်ရတာ သူတို့ ၂ ယောက်လုံး ပိပိကို စိတ်ဆိုးနေတုန်းထင်ပါ့။

"ငါနဲ့ ကျောင်းပေါက်လိုက်ခဲ့"

"ဘာလို့လိုက်ရမှာ??"

"နင်တို့ ၂ ယောက် share ထားတဲ့ အစုံဗန်းလေ၊ အခု ကျောင်းရှေ့ရောက်နေပြီ"

❁မမ❁Where stories live. Discover now