2K 65 1
                                    

"သစ္စာ.."


ကျောင်းကန်တင်းမှပြန်လာပြီး စာသင်ခန်းထဲဝင်လိုက်သည်နှင့် မျက်စိရှေ့ကိုရောက်လာသည့် ဇင်မင်းအား ပိပိ ခပ်တည်တည်သာ မော့ကြည့်လိုက်သည်။

"သစ္စာ...ဒါက ဘယ်လိုဖြစ်တာတုန်း"

သူ့ဖုန်းကို မျက်စိရှေ့ချပြတော့ တစ်ချက်သာ ငုံ့ကြည့်လိုက်သည်။ Facebook မှာ ပိပိတင်ထားတဲ့ သာမန်ပို့စ်လေးတစ်ခုပါပဲ။ ထက်ရှင်းနဲ့ ဟိုတစ်နေ့ကတည်းက တွဲရိုက်ထားသည့်ပုံလေးကို မနက်ကမှ Facebook မှာ တင်ဖြစ်ခဲ့သည်။ ကောင်လေးတစ်ယောက်ယောက်နဲ့ တွဲတင်လိုက်တိုင်း ဇင်မင်းထံမှ ဒီလိုတုံ့ပြန်မှုမျိုး ရနေကျမို့ ပိပိအတွက် ဒါက မထူးဆန်းတော့။

"ဘာဖြစ်လို့လဲ"

"ဒီမေးခွန်းကို ကိုယ်ကမေးရမှာ မဟုတ်ဘူးလား၊ သစ္စာ ဘာဖြစ်နေတာလဲ"

"ဇင်မင်း... ပိပိကို အဲ့လိုမဆက်ဆံပါနဲ့၊ ပိပိနဲ့ ဇင်မင်းက ဘာမှပတ်သက်တော့တာ မဟုတ်ဘူး"

"ပတ်သက်နေပါသေးတယ် သစ္စာ၊ ကိုယ် ဘာမှလည်း အမှားမလုပ်မိဘဲနဲ့ သစ္စာဘက်က ကိုယ့်ကို တစ်ဖက်သတ်ကြီး လမ်းခွဲသွားခဲ့တာ၊ ကိုယ့်ဘက်ကတော့ သစ္စာက ခုထိ ကိုယ့်ကောင်မလေးပဲ၊ ဒါကြောင့် ကိုယ့်မှာ မေးပိုင်ခွင့်ရှိတယ်"

"ကျစ်...စိတ်ညစ်တယ်ကွာ၊ ဒါက သာမန်ရင်းနှီးမှုလေးပဲ၊ အဲ့နေ့က အမှတ်တရအဖြစ် ရိုက်ထားခဲ့ရုံပဲ၊ အိုခေ.?"

"သစ္စာ ကိုယ့်ကို သဝန်တိုမတို စမ်းသပ်နေတယ်ဆိုရင်တော့ အခုကစ ရပ်လိုက်တာ ကောင်းမယ်နော်"

"ဟာ...ကျစ်.."

ပိပိ စိတ်ပျက်စွာ စုတ်သပ်ရင်း ဇင်မင်းဆီမှ အကြည့်လွှဲပစ်လိုက်သည်။ ရှင်းမပြတော့လည်း ကိုယ့်ကို အထင်လွဲတယ်။ ရှင်းပြတော့လည်း မယုံပြန်ဘူး။ ဒါကြောင့် သူနဲ့လမ်းခွဲခဲ့တာ အမှန်ဆုံးရွေးချယ်မှုဟု ပိပိစိတ်ထဲ ကမ္ပည်းတင်ထားလိုက်သည်။

"သစ္စာ..."

"ဆောရီး ဇင်မင်း... ခုတော့ ပိပိ ဘယ်သူနဲ့မှ စကားမပြောချင်သေးဘူး၊ ဟဲ့... သွားစို့"

❁မမ❁Where stories live. Discover now