ကြိုပြောပါမယ်...
အလစ်တဲလေး mature on ပါမယ်
------------------------
BONUS CHAPTER - The Sweet
°ကျွန်တော့်မိန်းမကို ပြန်ရှာတွေ့ပြီ... ဒီည အပြင်မှာပဲ အိပ်လိုက်တော့နော် အဖေ°
မက်ဆေ့လေးကို ကြည့်ရင်း ဦးရှင်းခန့် အရယ်တစ်ဝက်နှင့် သက်ပြင်းချလိုက်သည်။ သူ အခု မြဲနေခဲ့တဲ့ တိုက်ခန်းရှေ့မှာ ရောက်နေတာပါ။ မြဲကို ဒီမှာနေစေပြီး အဆင်ပြေမပြေ သိရဖို့ တစ်ပတ်တစ်ခါလောက် လာလာတွေ့ခဲ့တာ ခုချိန်ထိ။
ခုတော့ ဘဲလ်တီးစရာပင် မလိုတော့။ တံခါးပေါ်မှာ ကပ်ထားခဲ့သည့် stick note paper လေးမှာလည်း သူ့အတွက် စာချန်ထားခဲ့ပြန်သည်။
°ဦးရှင်းစကားကို မလိုက်နာနိုင်တော့လို့ တောင်းပန်ပါတယ်၊ ခဏလေးပါပဲ၊ မျက်နှာလေးကြည့်ပြီးတာနဲ့ ပြန်လာခဲ့ပါ့မယ်°
တစ်ယောက်က ဒီည ပြန်မလာနဲ့တဲ့။ တစ်ယောက်ကတော့ ခဏလေးပါတဲ့။ တတ်လည်းတတ်နိုင်တဲ့ ကလေးတွေ။
မတတ်နိုင်။ လောလောဆယ် ပြန်စရာအိမ်မရှိတော့သည့် အနေအထားမို့ ဟိုတယ်တွင် ဘိုကင်လုပ်ကာ တစ်ညတာ night out လိုက်ရတော့သည်။
-----------------------------
"ပြန်အိပ်ဦးလေ"
မနက်စာပြင်ဆင်နေသည့် မြဲဘေးနား တောက်တဲ့လို ကပ်တွယ်နေသည့် ထက်ရှင်းမှာ တစ်ချက်တစ်ချက် သမ်းဝေမိတာမို့ မြဲက ပြန်အိပ်ခိုင်းနေခြင်းပါ။ ကူပေးတာလည်း မဟုတ်ဘဲ ထိုင်နေရင်းကနေ မေးထောက်ပြီး ငေးကြည့်လိုက်၊ ရုတ်တရက်ကြီး ကျောနောက်ရောက်လာပြီး ဖက်ထားလိုက်နှင့် တအီအီ ချွဲနေတော့သည်။
"ဖယ်စမ်းပါ လက်ကြီးက.. လှီးရတာ မလွတ်မလပ်နဲ့"
"မောင့်ကို ဆူတာလား"
"ငါကိုင်ထားတာ ဓားနော်၊ ပန်းမဟုတ်ဘူး၊ ပေါက်မိရင် သေတတ်တယ်"
"မမကလည်း.. မနေ့ကလို ချိုချိုသာသာလေး ပြောပေးလို့မရဘူးလား"
"ဘဝကြီးက အမြဲချိုနေမှာမှ မဟုတ်တာ"
"ဘဝကြီးက သူ့ဘာသူ ချိုချိုချဉ်ချဉ်.. မမ ချိုနေရင် အဆင်ပြေတယ်"
YOU ARE READING
❁မမ❁
Romance"ရင်ခုန်တာထက်ပိုတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် သူ့ကို တကယ်ချစ်မိသွားမှန်း သိလိုက်ရတယ်၊ မမလို့ တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်ထဲမှာဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်တောင် ဖော်မပြတတ်ဘူး" Main Chapters : 49 eps + Bonus Chapters : 3...