လပ်တော့ဆီ အာရုံရောက်နေသည့်ပိပိကိုကြည့်ရင်း မှုန်ကြီးနဲ့ဇရစ် မျက်နှာလေးတွေ စူပုပ်လာကြသည်။
"ဟင်း..... မမမြဲများ ငါတို့ရှေ့ရောက်လာတာလားဟယ်"
"ဟမ်... ဘယ်မှာလဲ မမ"
စာရိုက်နေရင်းမှ အတန်းရဲ့ဘေးဘီကို ဝေ့ပတ်ကြည့်လိုက်တဲ့ ပိပိအား ဇရစ်က လက်ညှိုးလေးထိုးလိုက်ရင်း...
"ဒီမှာလေ... နင်လည်း မမလိုပဲ၊ ဒါဆို ဒါပဲ ပြီးအောင်လုပ်နေတယ်၊ ငါတို့ဗိုက်က အစာဖြည့်မှ ပြည့်တဲ့ဗိုက်ဟ၊ အော်တို full သွားတာ မဟုတ်ဘူး"
"ဘယ်လိုဖြစ်နေကြတာတုန်း၊ ဒါလေးပြီးရင် သွားစားရတော့မှာကို"
"နင့်ဒါလေးက ဘယ်အချိန်မှ ပြီးမှာတုန်း၊ နောက်နာရီဝက်ဆို အတန်းပြန်စတော့မှာ"
"အေးလေ၊ နင့်အဖွဲ့ကလူတွေကလည်း ဘာတွေမှန်းကို မသိဘူး၊ typing ကို နင့်တစ်ယောက်တည်း လုပ်ခိုင်းရလား"
"လပ်တော့က ငါနဲ့ တခြားတစ်ယောက်ဆီမှာပဲ ရှိတာလေဟာ၊ သူ့ဟာပျက်နေတော့ ငါ့လပ်တော့ပဲ သုံးရတော့တာပေါ့၊ တခြားသူတွေလည်း presentation အတွက် သူ့နေရာနဲ့သူ တာဝန်ယူကြပါတယ်ဟ၊ သူများကို အပြစ်မပြောချင်စမ်းပါနဲ့"
"အေး၊ မပြောနဲ့ဆိုလည်း မပြောဘူး၊ အခု ဗိုက်ဆာတဲ့ကိစ္စကို ဘယ်လိုလုပ်ကြမလဲ"
"နင်တို့ သွားစားနှင့်လိုက်၊ ငါ လိုက်လာခဲ့မယ်"
"နင့်ဖို့ ဝယ်လာခဲ့ရမလား"
"ရတယ်၊ စားနေကျဆိုင်မှာ စားရင်း စောင့်နေ၊ ငါလာခဲ့မယ်"
"ဒါဆို ငါတို့သွားနှင့်မယ်နော်"
"အွန်း..."
"သွားပြီနော် ပိပိ"
"အေး..."
လပ်တော့ဆီမှ အကြည့်မခွာဘဲ သံရှည်ဆွဲကာ တုံ့ပြန်လိုက်သည့် ပိပိအား ဂြိုဟ်သားတစ်ကောင်လို ငေးကြည့်ရင်း မှုန်ကြီးနဲ့ဇရစ် ၂ ယောက်သား ကန်တင်းသို့ ထွက်လာခဲ့လိုက်သည်။
•••¤❅¤•°•.❁ မမ ❁.•°•¤❅¤•••
ရေမွှေးကြော်ငြာတစ်ခုအတွက် ထက်ရှင်း မျက်နှာသစ်မော်ဒယ်တစ်ဦးနဲ့အတူ ကင်မရာရှေ့တွင် သရုပ်ပြနေရသည်။ နွေးကတော့ ရှုတင်ရဲ့မနီးမဝေးတစ်နေရာမှ သူ့ကိုပြုံးကြည့်နေသည်။
YOU ARE READING
❁မမ❁
Romance"ရင်ခုန်တာထက်ပိုတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် သူ့ကို တကယ်ချစ်မိသွားမှန်း သိလိုက်ရတယ်၊ မမလို့ တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်ထဲမှာဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်တောင် ဖော်မပြတတ်ဘူး" Main Chapters : 49 eps + Bonus Chapters : 3...