၄၃

968 55 14
                                    

စိတ်ပြေလက်ပျောက်ဟုဆိုကာ မြဲက ဦးဆောင်၍ လူနာခန်းထဲမှ ထွက်လာလိုက်သည်။ နွေးက မြဲကိုအဖော်ပြုပေးရန် ဘေးမှ လိုက်လာသည်။ ထို့ကြောင့် လူနာခန်းထဲတွင် လူနာမဟုတ်သော သားအဖ ၂ ယောက်သာ ကျန်ခဲ့လေသည်။

"အခန်းအောင်းရတာ ပျင်းဖို့ကောင်းလိုက်တဲ့ဖြစ်ခြင်း"

နွေးဝယ်တိုက်သော ပဲနို့ဘူးလေးကို စုပ်သောက်ရင်း မြဲက ဆိုသည်။ စင်္ကြံတစ်လျှောက် လူနည်းသဖြင့် လမ်းလျှောက်ရတာ အဆင်ပြေနေသည်။

"ထက်ရှင်းက အပြင်ပေးမထွက်ဘူးလား"

"မထွက်ခိုင်းဘူးလေ၊ သူ့ကိုယ်သူ ကလေးလာထိန်းတယ်များ ထင်နေလား မသိဘူး၊ အပြင်မထွက်နဲ့.. အခန်းထဲပဲ လျှောက်.. ပျင်းရင် စာဖတ် ဆိုပြီး ပုံပြင်စာအုပ် ဖတ်ခိုင်းတယ်"

မြဲက မကျေနပ်သမျှကို ဖောက်သည်ချတော့ နွေးက ရယ်သည်။ သူ့သူငယ်ချင်းအကြောင်းကို သိနေသူမို့ မြဲကို နားလည်သော အကြည့်များဖြင့် ပြုံးပြရင်း

"ထက်ရှင်းက ဘယ်လိုချစ်ပြရမလဲဆိုတာ သိပ်မသိဘူး မမမြဲရဲ့"

မြဲက နွေးအား အံ့သြဟန် လှည့်ကြည့်သည်။ ရှေ့ဆက်မလျှောက်ဖြစ်ကြ၍ လူသွားလမ်းတွင် ၂ ယောက်လုံး ခြေစုံရပ်နေမိကြသည်။

"မမမြဲလည်း ရိပ်မိလောက်မှာပါ... ထက်ရှင်း မမမြဲကို ချစ်နေတယ်ဆိုတာကို"

မြဲက တွေတွေလေး ဖြစ်သွားပြီးမှ ခေါင်းကို အသာညိတ်ပြသည်။ ထို့နောက် ခြေလှမ်းကို ခပ်ဖြည်းဖြည်းရွေ့ရင်း ဆက်လျှောက်နေသည်။ နွေးကလည်း မြဲလျှောက်သည့်နှုန်းအတိုင်း ဘေးကနေ ယှဉ်တွဲလျှောက်သည်။

"သူက ရှေ့ဆက်မတိုးရဲဘူး ဖြစ်နေတာ၊ နွေး ခုလိုတွေပြောနေတာကိုသာ သူသိရင် စိတ်ဆိုးမလား မပြောတတ်ဘူး"

"နွေးရယ်... မမမှာက ကိုအောင်နဲ့ လက်ထပ်ဖို့..."

"နွေးသိပါတယ်၊ ကိုကို မမမြဲကို ဘယ်လောက်ချစ်လဲဆိုတာလည်း သိတယ်၊ ဘယ်သူ့ကို ရွေးပါလို့လည်း အကြံမပေးဝံ့ပါဘူး၊ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ ထက်ရှင်းကို နေရာရစေချင်တယ်"

❁မမ❁Where stories live. Discover now