၁၉

1.3K 41 4
                                    

အိမ်ကြီးတစ်အိမ်လုံးက အသံတိတ်လို့နေသည်။ ကျွန်းစားပွဲကြီး၏တစ်ဖက်တွင် ထက်ရှင်းနှင့် ပိပိက ဆိုဖာတစ်လုံးခြားကာ ထိုင်နေကြပြီး သူတို့၏မျက်နှာချင်းဆိုင်ဘက်တွင်တော့ မြဲက စိတ်ရှုပ်နေဟန်ဖြင့် ဟိုလျှောက်သည်လျှောက် လုပ်နေလေသည်။

“ပိပိ... မမနဲ့ ခဏလိုက်ခဲ့”

“ဟုတ်”

မြဲက ထက်ရှင်းကို တစ်ချက်သာကြည့်ပြီး ပိပိကို အိမ်အောက်ထပ်ရှိ အခန်းတစ်ခန်းဆီသို့ ခေါ်သွားသည်။

“မမ... သူ့ကို ဒီမှာနေခိုင်းလို့ရတယ်မလားဟင်”

အခန်းထဲရောက်သည်နှင့် ပိပိက စကားစသည်။ မြဲက ပိပိ၏စကားအသွားအလာကို တွေးဆနေဟန်ဖြင့်

“ပိပိနဲ့သူက ဘယ်လိုပတ်သက်နေတာလဲ၊ မမကို အမှန်အတိုင်းဖြေနော်”

“ဘယ်လိုပတ်သက်ရမှာလဲ မမကလည်း... အသိအစ်ကိုကြီးပါဆို၊ သူက မမနွေးနဲ့ ငယ်ပေါင်းကြီးဖော်တွေ၊ မမနွေးတို့မိသားစုသာ ခုချိန် ခက်ခဲမနေဘူးဆိုရင် သူ အဲ့ဒီဘက်ကို အကူအညီတောင်းမှာ သေချာတယ်၊ ခုဟာက သူ့အတွက် အကူအညီပေးနိုင်တဲ့သူဆိုလို့ ပိပိတို့ပဲ ကျန်တော့တာလေ”

နွေးနာမည်က ပါလာတော့ မြဲ တွေဝေရပြန်သည်။ တကယ်ဆို ဒီကောင်လေးအကြောင်း မြဲ ဘာမှမသိ။ ပိပိနဲ့တော့ ရင်းနှီးသတဲ့။

“အဲ့လိုဆိုတိုင်း မမတို့က အလွယ်လက်ခံလို့တော့ မဖြစ်ဘူးလေ၊ ဒီအိမ်မှာက မိန်းမသားတွေချည်း...”

မြဲ၏ လက်သုံးစကားက ထပ်ပါလာပြန်တော့ ပိပိတစ်ယောက် စိတ်မရှည်နိုင်တော့။

“မမကလည်း... မိန်းမသားတွေချည်းမို့ ပိုပြီးလက်ခံသင့်တာပေါ့၊ အိမ်မှာ ယောက်ျားသားတစ်ယောက်လောက် ရှိနေတော့ အရေးအကြောင်းဆို အားကိုးရတာပေါ့”

“ပိပိ... သူ့ဘက်ကချည်း လိုက်ပြောနေတော့တာပဲနော်”

“ခုချိန် သူ့နေရာမှာ တခြားတစ်ယောက်ဆိုရင်လည်း ပိပိ ခုလိုပဲ လိုက်ပြောမိမှာ၊ ပိပိတို့အိမ်မှာ အခန်းပိုတွေ ရှိနေတာပဲ မမရယ်၊ သူ့တစ်ယောက်စာလောက်နဲ့တော့ ဝန်မပိပါဘူး”

❁မမ❁Where stories live. Discover now