9K 145 11
                                    

မမ (၁)

နိုက်ကလပ်ဆိုသည့် သဘောအတိုင်း မှောင်ရိပ်မလွတ်သည့် ဒီနေရာက ဒီဂျေသံကျယ်ကျယ်ကြောင့် စိတ်ကိုမြူးကြွနေစေသည်။ စုဝေးကခုန်နေသည့် လူထုကြီးမှာလည်း ဒီဂျေသံဆီကိုသာ အာရုံရောက်နေကြသည်မို့ မှောင်ရိပ်တစ်နေရာမှာ ရန်ပွဲဖြစ်နေသည်ကို မည်သူမှ မသိကြ။

ရန်ပွဲမှာက ၄ ယောက် တစ်ယောက်။ အိန္ဒိယရုပ်ရှင်တွေထဲမှာတော့ မင်းသားတစ်ယောက်တည်းက လူ ၁၀ ယောက်လောက်ကို အသာလေး ထိုးကြိတ်နိုင်ပေမယ့် ထက်ရှင်းနိုင်၏ ဇာတ်လမ်းမှာတော့ သူသာ ခံဘက်ဖြစ်နေရသည်။

"ထွီ!...ဇမရှိဘဲ လာမစမ်းနဲ့ ခွေးကောင်၊ ကိုယ့်ပုံစံကိုလည်း ပြန်ကြည့်ဦး၊ လူကြည့်တော့ တစ်ချက်ထိုး ရှိတာ၊ ငါ့စော်များ လာကြောင်ချင်သေးတယ်"

ဆဲဆိုနေတဲ့ထိုလူက ကြမ်းပြင်ပေါ် လဲကျနေရင်းမှ ပက်လက်ပြန်ထလာတဲ့ထက်ရှင်းအား မကျေနပ်စိတ်ဖြင့် ရင်ဘတ်ကို ဆောင့်ကန်ပြန်သည်။ သူ့ဘက်တော်သားတွေ ဝင်ဆွဲတော့မှ တောက်တစ်ချက်ခတ်ပြီး နေရာမှ ထွက်သွားတော့သည်။

"နိုင်...ရရဲ့လား"

လာတွဲထူသည့် ဆေးဆိုးပန်းရိုက်မျက်နှာပိုင်ရှင်အား ခပ်စူးစူးတစ်ချက်ကြည့်ပြီး တွဲနေသည့်လက်ကို ဖယ်ထုတ်ကာ ရှိသလောက်အားလေးနဲ့ ထရပ်လိုက်သည်။ အနည်းငယ် ယိုင်သွားပေမယ့် အဆင်ပြေနေပါသေးသည်။

"ငါ့ကို အရင်လာရှုပ်တာက မင်းနော်"

"နိုင်ရယ်... မိုးနဲ့သူက ပြတ်သွားတာ ကြာပါပြီ"

"မင်းနဲ့သူ့အကြောင်းလည်း စိတ်မဝင်စားဘူး၊ မင်းကိုလည်း စိတ်မဝင်စားဘူး၊ ဒါကြောင့် ငါနဲ့ လာမပတ်သက်နဲ့"

"နိုင်...."

မျက်နှာတစ်ပြင်လုံး ဖူးရောင်နေတာ သိပေမယ့် နာကျင်မှုကို ဖော်မပြချင်။ နှုတ်ခမ်းထောင့်မှ သွေးစတချို့ကို လက်ခုံနဲ့သုတ်ရင်း မိုးနတ်မယ်ဆိုတဲ့ ထိုမိန်းမကို ကျောခိုင်းကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

❁မမ❁Where stories live. Discover now