1.3K 55 0
                                    

"မ.. မမ.."

"မှုန်ကြီး... ဒါက ဘယ်လိုဖြစ်တာလဲ"

မြဲ လက်ထဲမှ စာရင်းစာအုပ်ကိုချကာ မှုန်ကြီးကိုတစ်လှည့် ပိပိကိုကုန်းပိုးထားသည့်လူကိုတစ်လှည့် ကြည့်လိုက်သည်။ ဘယ်လောက်တောင် သောက်စားထားလို့ ဘေးလူကူရတဲ့အထိ မူးလာကြတာလဲ။ ပိပိကို ဒီအတိုင်းလွှတ်ထားလို့ မဖြစ်တော့ပေ။

"မမ... ဇရစ်နဲ့ပိပိက မူးနေလို့..."

"ကဲ...လာ... ဒီမှာအရင်ချလိုက်ကြ"

ဇရစ်ကို မနိုင်မနင်းတွဲထားရသည့် မှုန်ကြီးရဲ့ပုံစံမှာ ဘယ်လိုမှမဟန်တော့တာကြောင့် ဆိုဖာမှာနေရာချဖို့ ပြောလိုက်ရသည်။

"အွတ်... အော့...!!"

"ဟဲ့..ပိပိ.."

ဆိုဖာပေါ်ချဖို့ သယ်အလာမှာ  ထက်ရှင်းကိုယ်ပေါ်တွင်ရှိနေဆဲပိပိက အန်ချလိုက်ခြင်းဖြစ်သည်။ ထက်ရှင်း၏ပုခုံးနဲ့ ရင်ဘတ်အထက်ပိုင်းမှာတော့ ပိပိရဲ့အန်ဖက်များဖြင့် ပေပွကုန်သည်။

"ကိုထက်ရှင်းနိုင်ကို အားနာလိုက်တာ၊ ပေကုန်ပြီ"

"ရပါတယ်"

ချဥ်စူးစူးအနံ့တို့ကို လျစ်လျူရှုလျက် ပိပိအား ၂ ယောက်ထိုင်ဆိုဖာပေါ်သို့ အသာချပေးလိုက်သည်။

"မှုန်ကြီး... ဒီမှာပဲ အိပ်မှာမလား"

"ဟုတ် မမ"

"ခဏနားလိုက်ဦး၊ ပြီးတော့မှ ဇရစ်ကိုနှိုးပြီး အခန်းထဲခေါ်သွားလိုက်"

"ဟုတ်"

"ညစာ ဘာစားထားလဲ"

"ဟို... စားထားတယ် မမ၊ ရတယ်၊ မဆာတော့ဘူး"

မှုန်ကြီးအား မေးခွန်းတွေမေးလိုက်၊ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်နဲ့ အလုပ်ရှုပ်နေသည့် ထိုအမျိုးသမီးမှာ ထက်ရှင်းကို ရှိမှန်းတောင် သတိထားမိသေးရဲ့လားမသိ။

"မမ...ဟို... ပိပိကြောင့် ကိုထက်ရှင်းနိုင်အဝတ်တွေ ပေကုန်ပြီ... အဲ့ဒါ..."

"အဲ့ဒါ ဘာလုပ်ပေးရမှာလဲ၊ ဒီအိမ်မှာ မိန်းမသားတွေချည်း နေတာ၊ သူနဲ့လိုက်မယ့်အဝတ်လည်း မရှိဘူး"

❁မမ❁Where stories live. Discover now