BONUS CHAPTER - The End
(Mature plot နည်းနည်း ပါပါတယ်၊ အတတ်နိုင်ဆုံး အသုံးအနှုန်းလေးတွေကို မရိုင်းအောင် ရေးထားပါတယ်ဗျ)
-------------------°ဒီနေ့ စောစောပြန်ခဲ့၊ ညစာ အတူစားရအောင်°
အလုပ်ချိန်တွင်း online ဖြစ်နေချိန် Viber မှ ပို့လာသည့် မက်ဆေ့တစ်ကြောင်းကြောင့် ထက်ရှင်း၏ မျက်ခုံးတို့ ပင့်တက်သွားသည်။ မမ သူ့ကို စာပို့တာပဲ။
မက်ဆေ့လေးအား အသဲလေးနှိပ်ပြီး စာပြန်ဖို့ ရိုက်နေတုန်း ရုံးခန်းတံခါးဆီမှ တဒေါက်ဒေါက် အသံထွက်လာသည်။ "ဝင်ခွင့်ပြုပါ Boss" ဟူသော ခွင့်တောင်းသံနှင့်အတူ စိတ်မြန်လက်မြန်ရှိသည့် အတွင်းရေးမှူးက ဝင်လာသဖြင့် ဖုန်းကို လက်ထဲမှ ချလျက်သား ဖြစ်သွားသည်။
"အစည်းအဝေးစလို့ရပါပြီ Boss"
"အင်း၊ လာခဲ့မယ်"
ရှယ်ယာရှင်များနှင့် အရေးကြီးအစည်းအဝေး ပြုလုပ်ဖို့ရှိသည်မို့ စာပြန်ဖို့ ကိစ္စကို နောက်ပို့ထားလိုက်ရသည်။ လိုအပ်သည့် စာရွက်စာတမ်းနှင့် laptop အား ယူလာခဲ့သော်လည်း ဖုန်းလေးကိုတော့ စားပွဲတွင်သာ ထားခဲ့လိုက်ရသည်။
-----
Boss ဆိုသော အခေါ်အဝေါ်၏ နောက်တွင် ထက်ရှင်း၏ပုခုံးထက် သယ်ပိုးထားရသော တာဝန်များက မသေးလှ။ ဦးရှင်းခန့်သည် ကုမ္ပဏီအသစ်တစ်ခုအတွက် ခြေလှမ်းစနေပြီဖြစ်၍ အရှိန်ရနေပြီဖြစ်သော လက်ရှိလုပ်ငန်းများကို ထက်ရှင်းအား တာဝန်ယူစေသည်။ နောင်လည်း လွှဲပြောင်းယူရမည့်အတူတူ အတွေ့အကြုံ ပိုရအောင်ဆိုပြီး လက်ခံလိုက်မိရာမှ နေ့မအား ညမနား အလုပ်များရတော့သည်။
သင်ယူရင်း လေ့လာရင်း အလုပ်လုပ်နေရချိန် ပင်ပန်းသော်လည်း ဒီအခြေအနေထိ ဖြစ်လာအောင် ကြိုးစားခဲ့သော ဖခင်၏ ခြေဖျားကိုပင် မမီသေး၍ ညည်းညူဖို့တော့ မဝံ့မိပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည့်တိုင် လိုအပ်ချက်များကတော့ ရှိနေဆဲပင်။
"ဒီ project ကို အမြန်ဆုံး ၂ နှစ်ကနေ အကြာဆုံး ၅ နှစ်ထိ ခန့်မှန်းထားပါတယ်၊ ဝန်ထမ်းအင်အား အလုံအလောက် သုံးမှာဖြစ်လို့ မျှော်မှန်းကာလအတွင်း ပြီးဖို့ သေချာသလောက် ရှိပါတယ်၊ ဒီဇိုင်းကလည်း အများတကာထက် ထူးခြားနေတာမို့ ဒီ construction က ကျွန်တော်တို့ ကုမ္ပဏီအတွက် ထူးခြားတဲ့ image ကောင်းတစ်ခု ကျန်ခဲ့စေမှာပါ"
YOU ARE READING
❁မမ❁
Romance"ရင်ခုန်တာထက်ပိုတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် သူ့ကို တကယ်ချစ်မိသွားမှန်း သိလိုက်ရတယ်၊ မမလို့ တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်ထဲမှာဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်တောင် ဖော်မပြတတ်ဘူး" Main Chapters : 49 eps + Bonus Chapters : 3...