၃၈

995 47 6
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

"ဘယ်လိုလုပ်မလဲ၊ ရွေးရခက်ကုန်ပြီ"

ထက်ရှင်းက မြဲရွေးပေးသော အဝတ်များအား မှန်ရှေ့တွင် တစ်ထည်ပြီးတစ်ထည် သူ့ကိုယ်မှာ ကပ်ကြည့်နေသည်။ အားလုံးကို ကြိုက်နေ၍ အရွေးခက်ရသည်။ မြဲရွေးပေးတာမို့ ပယ်ရမှာကို ပိုနှမြောနေသည်။

"စမ်းဝတ်ကြည့်လေ၊ ဒါမှ ဘယ်ဟာနဲ့ ပိုအဆင်ပြေလဲ သိရမှာ"

ချက်ချင်းပဲ ထပြန်တော့မလို လုပ်နေခဲ့သူကြီးက အင်္ကျီတွေကို စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းနေတော့ အံ့သြမိပြန်သည်။

"အစ်မ... အချိန်ရလို့လား"

မြဲက ထက်ရှင်းလက်ထဲမှာ တွဲလောင်းကိုင်ထားသည့် အထည် ၂၀ ခန့်ကို မေးငေါ့ပြရင်း

"ဒီထိတောင် ရောက်လာပြီးပြီပဲ၊ ဒီလောက်အများကြီး ဝယ်လိုက်ဖို့လည်း မလိုဘူးလေ၊ စမ်းဝတ်ကြည့်ပြီး ပိုအဆင်ပြေတဲ့ဟာပဲ ယူပေါ့"

"ဟုတ်ကဲ့ဗျ"

နားရွက်တက်ချိတ်မတက် ကွေးသွားသော အပြုံးကြီးနဲ့အတူ ထက်ရှင်းတစ်ယောက် အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။ မြဲကတော့ ဘုံဘုံ့ဆီ ဖုန်းဆက်ရတော့သည်။

"အင်း.. ဘုံဘုံ... မမ ဆိုင်လာတာ နောက်ကျမယ်နော်၊ အော်ဒါတွေ ပို့ထားနှင့်လိုက်တော့"

အဝတ်လဲခန်းတံခါး ပွင့်လာသောကြောင့် ဘုံဘုံ့အား ခပ်သွက်သွက်မှာပြီး ဖုန်းချလိုက်သည်။

ခဲရင့်ရောင်ရှပ်လက်ရှည်အား အင်္ကျီကြယ်သီးတွေ နေရာလွဲတပ်ထားသော်လည်း ကြည့်ကောင်းနေဆဲဖြစ်သည့် ထက်ရှင်းနိုင်ပါ။ ရယ်ဟဟလေးလုပ်ရင်း မြဲဆီ လျှောက်လာကာ သူ့ကိုယ်ကိုယ် တစ်ပတ်လည်ပြနေသေးသည်။

"ကြယ်သီးတွေက ဘယ်လိုဖြစ်တာလဲ"

"ဟမ်.. လွဲနေလို့လား"

တစ်နေရာလွဲတော့ အကုန်လုံးက လွဲကုန်ရော။ ဒါကိုပဲ မသိသလို မေးနေတော့ မြဲကပဲ ကိုယ်တိုင်ပြင်ဆင်ပေးဖို့ ရှေ့တိုးလာလိုက်သည်။

ကြယ်သီးတစ်လုံး ဖြုတ်လိုက်တိုင်း လှစ်ခနဲ ပေါ်လာသည့် ရင်ဘတ်ကြွက်သားတို့ကြောင့် မြဲလက်တွေက မသိမသာ တုန်လာသည်။ ထို့ကြောင့် မြန်မြန်တပ်ပြီးချင်၍ ခပ်သွက်သွက် လှုပ်ရှားသော်လည်း ကြယ်သီးက အပေါက်ထဲ မဝင်ဘဲ ချော်ချော်ထွက်နေတော့သည်။

❁မမ❁Where stories live. Discover now