၁၀

1.4K 50 0
                                    

"ဝှါး....."

ပါးစပ်ကို အသားကုန်ဟကာ သမ်းဝေရင်း အိမ်ထဲသို့ဝင်လာသည့် သမီးဖြစ်သူအား ဒေါ်နီလာသွေး မျက်လုံးအပြူးသားဖြင့် ငေးကြည့်မိသည်။

"သမီး...ညက အိမ်ပြန်မအိပ်ဘူးလား"

"အင်း၊ မေမေက နွေးပြန်မလာတာတောင် မသိလိုက်ဘူးမလား၊ ဘယ်သိမှာလဲ၊ ကိုကိုရန်ကုန်သွားရမယ့်ကိစ္စအတွက်ပဲ အာရုံစိုက်နေတာကိုး"

"အိုကွယ်..."

နွေးက ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချတော့ ဒေါ်နီလာသွေးမှာ လက်ထဲမှဘုရားပန်းအိုး ၂ အိုးအား စားပွဲပေါ်တွင်ချကာ နွေးဘေးတွင် ဝင်ထိုင်လိုက်သည်။

"မေ့သမီးက ခါတိုင်းညတွေဆို အခန်းထဲမှာပဲနေတတ်လို့ မေမေက မသိလိုက်တာပါ၊ သမီးကိုကိုကိစ္စအတွက်လည်း မေမေတို့ ဘာမှအလုပ်မရှုပ်ရပါဘူး၊ သူ့ကိစ္စကို သူကိုယ်တိုင်ပဲ စီမံနေတာပါ၊ ပြောပါဦး၊ မနေ့က ဘယ်မှာအိပ်ခဲ့တာလဲ"

"ကိုထူးကြီးခယ်မနဲ့ အိပ်ခဲ့တာ၊ မနေ့ညက...ဝှါး...."

စကားပြောနေရင်းက နောက်ထပ်သမ်းဝေပြန်တော့ ဒေါ်နီလာသွေးကပဲ စိတ်ရှည်စွာ စောင့်ဆိုင်းပေးရသည်။

"မနေ့ညက ကိုထူးကြီးတို့နဲ့ စားသောက်ပြီး အိမ်ပြန်လိုက်ပို့တာ၊ သူတို့ဆီလည်းရောက်ပြီးရော ပြန်ထွက်မယ်လုပ်တော့ ကားက ဘာဖြစ်တယ်မသိ... စက်နှိုးလို့ မရတော့ဘူး၊ အာ့နဲ့ ညဥ့်လည်းနက်နေပြီဆိုပြီး သူတို့ဆီမှာပဲ အိပ်လိုက်တော့တာ"

"ဒါများ ဖုန်းလေးတစ်ချက်လောက် လှမ်းဆက်တာတော့ မဟုတ်ဘူး"

"ဆက် ဆို...ဖုန်းကို စားသောက်ဆိုင်မှာ မေ့ကျန်ခဲ့တာ မေမေရဲ့၊ တစ်ရေးအိပ်ပြီးမှ ပြန်သွားယူမလို့၊ ထက်ရှင်းကိုတောင်...အဲ... ထက်ရှင်း..."

"ဟင်... ထက်ရှင်း ဘာဖြစ်လို့လဲ"

"သွားပါပြီ မေမေရဲ့... ထက်ရှင်းကို မနေ့ညက သွားခေါ်မယ်ဆိုပြီး မခေါ်ဖြစ်လိုက်ဘူး၊ ဖုန်းလည်း မဆက်မိဘူး၊ သူတော့ ထင်ရာတွေလျှောက်တွေးနေတော့မှာပဲ၊ သွားပြီ၊ ငါတော့ နင့်အတွေးထဲမှာ ပုံစံအမျိုးမျိုးနဲ့ သေနေလောက်ရောပေါ့"

❁မမ❁Where stories live. Discover now