Unicode
"ဒါကြီးက ဘယ်လိုကြီးလဲ"
"Edit ထားတာများလား"
"Photoshop ဆိုရင်တော့ လုပ်တဲ့ကောင် တော်တော် တော်တာပဲ၊ တကယ်ဆိုရင်တော့...."
မှုန်ကြီးနဲ့ ဇရစ်က လတ်တလောတွင် hot နေသည့် သတင်းတစ်ပုဒ်အကြောင်း တီးတိုးပြောနေကြရင်း ပိပိထံ မသိမသာ အကဲခတ်သလို လှည့်ကြည့်ကြသည်။ ပိပိပုံစံကတော့ မပြုံးမရယ်ဘဲ ခံစားချက်မဲ့နေသည်။
"ပိပိ..."
"နင် ဘယ်လိုမှ မနေဘူးလား"
"ဘာကိုလဲ"
မသိသလို ပြန်မေးနေတော့ မေးနေတဲ့ဇရစ်တောင် ထပ်မေးဖို့ တွန့်သွားရသည်။ ပါးစပ်ကနေ မမေးတော့ဘဲ လက်ထဲကဖုန်းကိုသာ ထောင်ပြလိုက်သည်။
ပိပိက ဖုန်းထဲကို ကြည့်ပြီးတာတောင် ဘာမှမဖြစ်သလို အကြည့်လွှဲသွားတော့ မှုန်ကြီးရော ဇရစ်ပါ ပါးစပ်ဟောင်းလောင်း ဖြစ်သွားရသည်။
"ပိပိ... ပွဲက တော်တော်ကြီးတာနော်၊ ဒီ page မှာ ကိုထက်ရှင်းနိုင်ရဲ့ပွဲက react အများဆုံးပဲ"
ဇရစ်က ဖုန်းကြီးပြပြပြီး ဇွတ်ပြောနေသဖြင့် မှုန်ကြီးက ဆွဲဆိတ်ကာ ခပ်တိုးတိုး သတိပေးရသည်။
"ဇွတ်မပြောနဲ့၊ မျက်နှာရိပ်မျက်နှာကဲလည်း ကြည့်လိုက်ဦး၊ သူတို့ ခုထိ မပြေလည်သေးတာလား မသိဘူး"
"ဟမ်... ဟုတ်လား ပိပိ"
မကြားစေချင်လို့ တိုးတိုးလေး ပြောခါမှ ပိပိဆီ တိုက်ရိုက်သွားမေးနေတော့ မှုန်ကြီး ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်လိုက်ရသည်။
"ငါနဲ့သူက ဘာမှမဟုတ်တော့ဘူး၊ သူ့ကိစ္စ သူ့ဘာသာ ရှင်းလိမ့်မယ်၊ ဒီ case ကို စိတ်ဝင်တစားနဲ့ ကမူးရှူးထိုး ကူညီပေးရမယ့်အဆင့်ထိ ငါက အရေးပါမနေဘူး"
"နင် ဟိုနေ့က မူးပြီးပြောတာတွေက တကယ်တွေလား"
ဇရစ်က ပိပိမျက်နှာကို ကြည့်ကာ မရဲတရဲ မေးသည်။ ပိပိက ဘာမေးမလဲ ဆက်စောင့်သည်။ ဇရစ်က သူ့လက်ညှိုးထိပ် ၂ ခုကို ပူးလိုက်ခွာလိုက် လုပ်ပြရင်း
"နင်နဲ့ ကိုထက်ရှင်းနိုင်... ပြတ်သွားပြီဆိုတာက..."
"အေး"
YOU ARE READING
❁မမ❁
Romance"ရင်ခုန်တာထက်ပိုတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် သူ့ကို တကယ်ချစ်မိသွားမှန်း သိလိုက်ရတယ်၊ မမလို့ တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်ထဲမှာဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်တောင် ဖော်မပြတတ်ဘူး" Main Chapters : 49 eps + Bonus Chapters : 3...